Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်အုပ်စုက ချိတ်ပိတ်နေအိမ်တစ်လုံးရှိ ပစ္စည်းများအား ခိုးယူ၊ သနပ်ခါးပင်ပါမကျန် ခုတ်ယူ သွား

ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်‌ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

ပြည်သူများ၏ ပစ္စည်းများအား ထင်သလိုယူငင်နေကြသော စစ်ကောင်စီတပ်အား မြင်းခြံမြို့ပေါ်တွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ပြည်သူများ၏ ပစ္စည်းများအား ထင်သလိုယူငင်နေကြသော စစ်ကောင်စီတပ်အား မြင်းခြံမြို့ပေါ်တွင် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်အုပ်စုက ချိတ်ပိတ်နေအိမ်များအတွင်းသို့ ပစ္စည်းများအား မကြာခဏ ဝင်ယူနေကြပြီး ယမန်နေ့ညက ချိတ် ပိတ်နေအိမ်တစ်လုံးရှိ စိုက်ပျိုးထားသော သနပ်ခါးပင်များပါမကျန် ခုတ်ယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်‌ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။

“ဦးစံကင်းတို့ သားအဖ လေးယောက်လုံး၏ နေအိမ်များကို ချိတ်ပိတ်ထားခြင်းဖြစ်ပြီး နေအိမ်တွင်းရှိပစ္စည်းများကို စခတွေ မကြာခဏ ဝင်ယူခဲ့ကြပြီး နေအိမ်ခြံဝန်းအတွင်းစိုက်ထားတဲ့ သနပ်ခါးပင်ကိုပါ နုတ်ယူသွားခဲ့တယ်လို့ သိရပါတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

ဦးစံကင်းမိသားစု၏ အိမ်တွင်းပစ္စည်းများ၊ထော်လာဂျီ၊ အိမ်ဆောက်ပစ္စည်းဆိုင်၊သံဇကာရက်လုပ်စက်၊ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ဆိုင်ကယ် လေးစီး၊ ရွှေ၊ငွေ၊ကွန်ဒေါင်းရေတင်စက်၊တောသနပ်ခါးခြံအတွင်းရှိ ရေတင်စက်၊သနပ်ခါးပင် များပါမကျန်ခုတ်ယူသွားကြောင်း မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အား ဆန့်ကျင်တော်လှန်မှုအားကောင်းသော မြင်းခြံမြို့နယ်တွင် ဝင်ရောက်မွှေနှောက်ရှာဖွေခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်း၊ယမန်နေ့ညကလည်း ဆုံရွာနေ NLD‌ ထောက်ခံသူရွာသား နှစ်ဦး၊ကွေ့ကြီးရွာနေ အမျိုးသား သုံးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ (နိုဝင်ဘာ ၁၈ရက်) နံနက်၄နာရီခန့်က မြင်းခြံမြို့နယ်၊ တူရွင်းဘို့ရွာမှ ကုက္ကဲရွာအထိ မိုင်းရှာခဲ့ကြပြီး အနီးရှိ တောလုပ်လုပ်ကိုင်နေသူများကို သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။