Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် PDF ရဲဘော်နှစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ယနေ့(နိုဝင်ဘာလ ၁၈ရက်)နံနက်တွင် ခင်ဦးမြို့နယ် မဏီကုန်းနှင့် ပေါင်းလဲကုန်းကျေးရွာကြားရောက်ရှ်ိနေသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်။

” ယနေ့မနက် အကြမ်းဖက်စကစ စစ်ကြောင်းလှည့်လည်မှု လမ်းကြောင်းမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နှစ်ဦး ဒဏ်ရာရ၍ရဲဘော် နှစ်ဦး ကြွေလွင့်ခဲ့ရပါတယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

” မနေ့က တိုက်ပွဲမှာ စခတွေ အထိနာပြီး ဒီနေ့မှာ အင်အားတိုးလာတယ်။ ကျွန်တော်တို့မဟာမိတ်တွေကလည်း စုစုစည်းစည်း ပြန်တိုက်နေပါတယ်။ ထိခိုက်မှုလည်းရှိပါတယ်”ဟု ခင်ဦးမြို့နယ်အ​ခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော KhinUSpecialforceOrganization_KSOမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

ယမန်နေ့က စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခင်ဦးမြို့နယ် ကုန်းသာ၊အောင်သာ၊ ရွှေယမင်းစသည့် ကျေးရွာများကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု Khin U local GuerrillaForce (K.U.G.F)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က ကုန်းသာကျေးရွာအား ဝင်ရောက်မွှေနှောက်ပြီးကျေးရွာမှ အသက်၁၇နှစ်အရွယ် G-10(စနစ်သစ်)ဆယ်တန်းကျောင်းသားတစ်ဦးအပါအဝင် ဒေသခံသုံးဦးအား ဖမ်းဆီးသွားခဲ့ပြီး လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့သည်။ အဆိုပါသုံးဦးအနက်မှ နှစ်ဦးပြန်လွှတ်ပေးပြီး တစ်ဦးအား ဖမ်းဆီးထားဆဲဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။