Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ကျေးရွာ ၅ ရွာကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်အထိရှိ

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယခုလိုတိုက်ခိုက်လာခြင်းဖြစ်သည်။

စစ်တပ်က ကျေးရွာ ၅ ရွာကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်အထိရှိ
စစ်တပ်က ကျေးရွာ ၅ ရွာကို တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်အထိရှိ

တစ်ရက်တည်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနှစ်သောင်းကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ထားသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယခုလိုတိုက်ခိုက်လာခြင်းဖြစ်သည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ဆောထိ(ရွှေကျင်)မြို့နယ်တွင် ပြီးခဲ့သော နိုဝင်ဘာလ(၁၂)ရက်က KNLA တပ်ရင်း(၉)၊ တပ်ရင်း(၇)၊ KNDO တပ်ရင်း(၃)နှင့်KNLA ကွပ်ကဲမှုအောက်ရှိ Federal Wings Drone တပ်ဖွဲ့ဝင်များပူပေါင်းပြီး စစ်ကောင်စီတပ်၏ စခန်းသုံးခုကို ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ တိုက်ပွဲနှင့်မသက်ဆိုင်သော ကေအဲန်ယူ-လယ်ဒိုမြို့နယ် ဘောကထာကျေးရွာအတွင်းသို့ နံနက်ပိုင်းအချိန်က လေကြောင်းဖြင့် နှစ်ကြိမ်၊ ကောသာစေးကျေးရွာသို့ လေကြောင်းဖြင့်သုံးကြိမ်၊ ပဒဲကောကျေးရွာအတွင်းသို့ တစ်ကြိမ်၊ ဆောထိမြို့နယ်အတွင်းရှိ သံဆိပ်နှင့် ကျောက်တန်းကျေးရွာများအတွင်းသို့ ပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းဖြင့်ရှစ်ကြိမ် စုစုပေါင်း(၁၄)ကြိမ်ခန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယခုလို စစ်ကောင်စီတပ်မှ ပြည်သူလူထုအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းကြောင့် နိုဝင်ဘာလ(၁၂)ရက်တစ်ရက်အတွင်းမှာပင် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၃)ရွာမှ လူဦးရေ(၈၃၁၅)ဦးနှင့် ဆောထိမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာမှ လူဦးရေ(၁၅၃၅၆)ဦး စုစုပေါင်း (၂၃၆၇၁)ဦးတို့သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံတစ်လုံး၊ ဆေးရုံတစ်လုံးနှင့် ရာဘာခြံ(၁၀)ဧက ထိခိုက်မီးလောင်ပျက်စီးသွားခဲ့ပြီး ရွာသားတစ်ဦးပိုင်ဆိုင်သော ကားတစ်စီးအား အတင်းအဓမ္မယူဆောင်သွားခဲ့သလို ရွာသားတစ်ဦး၏ လယ်တဲတစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ပြုလုပ်ခြင်းကြောင့် KNLA KNDO ပူးပေါင်းတပ်ဖွဲ့တို့နှင့် နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ကင်းထောက်ခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် တိမ်းရှောင်နေကြရသည့် ပြည်သူလူထုများမှာ ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်ခြင်းမပြုရဲတော့ပဲ တောတောင်တွင်းတွင်သာ ပုန်းရှောင်နေကြရကာ အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။