Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် နိုင်ငံတကာကို NUG တောင်းဆို

ဓာတ်ပုံ - WN၊CJ
ဓာတ်ပုံ - WN၊CJ

အကြမ်းဖက်စစ်ကောင်စီအား လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ထုတ်ပြန်တောင်းဆိုသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဖြစ်၍ အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် NUG က နိုင်ငံတကာကို အလေးအနက်တောင်းဆိုထားသည်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကလေးငယ်များနှင့် ရွာသားများသေဆုံးမှုအပေါ် NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကြိမ်ချောင်း (၂၄) ဂိတ်၊ နခခ (၇) တည်ရှိသည့် နေရာမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်၍ မောင်တောမြို့နယ် ဂြိတ်ချောင်း ကျေးရွာတွင် ကလေးသူငယ် (၄) ဦး၊ အရပ်သားပြည်သူ (၁၁) ဦးသေဆုံးခဲ့ပြီး (၂၇) ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။ အလားတူ ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသား (၄) ဦးသေဆုံးခဲ့ပါသည်။ ယင်းနေ့ တရက်တည်း၌ပင် ကလေးငယ် (၄) ဦးအပါအဝင် အရပ်သားပြည်သူ (၁၅)ဦး၊ စုစုပေါင်း (၁၉) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၂၉) ဦးရှိခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အကြမ်းဖက်စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ မောင်တောအပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုလုပ်ရပ်သည် ကလေး သူငယ်များနှင့် အရပ်သားများအပေါ် လက်နက်ကိုင် ပဋိပက္ခအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ပြစ်မှုကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်း သဘောတူညီချက်များကို ကျူးလွန် ချိုးဖောက်ခြင်းလည်းဖြစ်ကြောင်း NUG က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်ရန်နှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ တကွ အရေးတကြီး ပံ့ပိုးဆောင်ရွက်ပေးကြပါရန် နိုင်ငံတကာကို တိုက်တွန်းသည်။

NUG သည် ယခုကဲ့သို့သော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းရယူသကဲ့သို့ လူအခွင့်အရေး ချိုးဖောက်ခံရမှုအား ကာကွယ်ရေး၊ ပြန်လည်ကုစားရေးနှင့် တရားမျှတမှု ရှာဖွေရေး၊ ကျူးလွန်သူများအား တရားဥပဒေနည်းလမ်းတကျ အပြစ်ပေး အရေးယူနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook