Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ်နှင့် ရေးကြားတွင် စစ်ကောင်စီယာဉ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ဟု တောင်ညိုပြောက်ကျား တပ်အသိပေး

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Update News
Update News

▪️ကားပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု ဖော်ပြ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ်အကြားတွင် စစ်ကောင်စီတပ်ယာဉ်များကို ယမန်နေ့က သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် ရေးမြို့မှ သံဖြူဇရပ်မြို့သို့တက်လာသော စစ်ကောင်စီယာဉ်(၇)စီးအား ကွမ်ကြိုက်နှင့် ကနင်ကမော့ကျေးရွာကြားတွင် တောင်ညိုပြည်သူ့ပြောက် ကျား အဖွဲ့မှ ပထမအကြိမ် ခြုံခိုမိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး၍ ဒဏ်ရာရသူများရှိခဲ့သည်ဟု ဖော်ပြသည်။

နေ့လည်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့မှ လမ်းကင်း အဖြစ်လာသော စစ်ကောင်စီ၏ Double Cab ကားသေးတစ်စီးကို ဝဲခမီကျေးရွာအနီးတွင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ကားမှာပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နေ့လည်ပိုင်း၌ပင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသော ယာဉ်ခုနစ်စီးအား ဘေးလမိုင်းရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ယမန်နေ့ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက် ပြီး ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ ရေးနှင့် သံဖြူဇရပ်အကြား၌ တိုက်ပွဲဖြစ်ပွားမှုများကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ရှိကြောင်း ပြောကြားသည်။

“သတင်းကတော့ မကြာမကြာပဲလေ။ သံဖြူဇရပ်နဲ့ရေး ကြားမှာ တိုက်ပွဲတော်တော် များတယ်လို့ပဲပြောရမှာ။ ဖြစ်တာက များသောအားဖြင့် ကနင်ကမော့ မြောက်ဘက်ခြမ်းပေါ့။ ကနင်ကမော့နဲ့ ဝဲခမီ ကြားမှာ ဖြစ်တာများတယ်”ဟု အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ခိုက်မှုဖြစ်စဉ်များ၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီတပ်က မည်သည့်အတွက် စစ်ရေးလှုပ်ရှားလာသည်ကို မသိသော်လည်း အင်အားများကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။