Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်နှင့် ရေးကြားတွင် စစ်ကောင်စီယာဉ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ဟု တောင်ညိုပြောက်ကျား တပ်အသိပေး

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Update News
Update News

▪️ကားပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု ဖော်ပြ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ်အကြားတွင် စစ်ကောင်စီတပ်ယာဉ်များကို ယမန်နေ့က သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် ရေးမြို့မှ သံဖြူဇရပ်မြို့သို့တက်လာသော စစ်ကောင်စီယာဉ်(၇)စီးအား ကွမ်ကြိုက်နှင့် ကနင်ကမော့ကျေးရွာကြားတွင် တောင်ညိုပြည်သူ့ပြောက် ကျား အဖွဲ့မှ ပထမအကြိမ် ခြုံခိုမိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး၍ ဒဏ်ရာရသူများရှိခဲ့သည်ဟု ဖော်ပြသည်။

နေ့လည်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့မှ လမ်းကင်း အဖြစ်လာသော စစ်ကောင်စီ၏ Double Cab ကားသေးတစ်စီးကို ဝဲခမီကျေးရွာအနီးတွင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ကားမှာပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နေ့လည်ပိုင်း၌ပင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသော ယာဉ်ခုနစ်စီးအား ဘေးလမိုင်းရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ယမန်နေ့ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက် ပြီး ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ ရေးနှင့် သံဖြူဇရပ်အကြား၌ တိုက်ပွဲဖြစ်ပွားမှုများကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ရှိကြောင်း ပြောကြားသည်။

“သတင်းကတော့ မကြာမကြာပဲလေ။ သံဖြူဇရပ်နဲ့ရေး ကြားမှာ တိုက်ပွဲတော်တော် များတယ်လို့ပဲပြောရမှာ။ ဖြစ်တာက များသောအားဖြင့် ကနင်ကမော့ မြောက်ဘက်ခြမ်းပေါ့။ ကနင်ကမော့နဲ့ ဝဲခမီ ကြားမှာ ဖြစ်တာများတယ်”ဟု အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ခိုက်မှုဖြစ်စဉ်များ၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီတပ်က မည်သည့်အတွက် စစ်ရေးလှုပ်ရှားလာသည်ကို မသိသော်လည်း အင်အားများကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို စစ်တပ် ထပ်မံဗုံးကြဲ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။