မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက တီဘီကုသရေး ဆေးရုံရှေ့မှာ မနေ့က နေ့ခင်းပိုင်း စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သတင်းဖြန့်ထားပါတယ်။
နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီရဲ့သတင်းဖြန်ချက်မှာတော့ သေဆုံးသူ လူငယ် ၄ ဦးဟာ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီ ၄ဦးဟာ အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ၊ ဘဏ္ဍာရေးတာဝန်ခံ နဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တယ်လို့ လည်း စစ်အုပ်စုက စွပ်စွဲထားပါတယ်။

Public Service Announcement
ဖမ်းဆီးချိန်မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။
Generation Z Power အဖွဲ့ ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။
