Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်
မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက တီဘီကုသရေး ဆေးရုံရှေ့မှာ မနေ့က နေ့ခင်းပိုင်း စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သတင်းဖြန့်ထားပါတယ်။

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီရဲ့သတင်းဖြန်ချက်မှာတော့ သေဆုံးသူ လူငယ် ၄ ဦးဟာ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီ ၄ဦးဟာ အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ၊ ဘဏ္ဍာရေးတာဝန်ခံ နဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တယ်လို့ လည်း စစ်အုပ်စုက စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးချိန်မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

Generation Z Power အဖွဲ့ ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။