Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးမြို့နယ်ထဲက စစ်မှုထမ်းဟောင်းရာအိမ်မှုး အနီးကပ်ပစ်သတ်ခံရ

ပုသိမ်ကြီး ပ.က.ဖ နဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသွားတဲ့ ရာအိမ်မှူးဟာ စစ်မှုထမ်းဟောင်းဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးလို့ ရှင်းလင်းရတာလို့ဆိုထားပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲက စစ်မှုထမ်းဟောင်းရာအိမ်မှုး အနီးကပ်ပစ်သတ်ခံရ
ပုသိမ်ကြီးမြို့နယ်ထဲက စစ်မှုထမ်းဟောင်းရာအိမ်မှုး အနီးကပ်ပစ်သတ်ခံရ

မန္တလေး ပုသိမ်ကြီးမြို့နယ် ထဲက ရေထွက်ကျေးရွာ ရဲ့ ရာအိမ်မှူးဖြစ်သူ စစ်မှုထမ်းဟောင်း ဦးမြင့်ဆွေဟာ မနေ့ကညနေပိုင်းမှာ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။

ဆိုင်ကယ်ပြင်နေချိန် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

ပုသိမ်ကြီး ပ.က.ဖ နဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသွားတဲ့ ရာအိမ်မှူးဟာ စစ်မှုထမ်းဟောင်းဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးလို့ ရှင်းလင်းရတာလို့ဆိုထားပါတယ်။

ရာအိမ်မှူးဦးမြင့်ဆွေကို ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက အနီးကပ်ပစ်ခတ်သွားတာလို့ စစ်အုပ်စု ဘက်က သတင်းထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မန္တလေးမှာ စစ်ကောင်စီ သင်တန်းပေးတဲ့ ပျုစောထီး သင်တန်းဆင်း ဆိုသူနဲ့ သတင်းပေး အမျိုးသား ဆိုသူ ၂ ဦး ပစ်ခတ်ရှင်းလင်းခံလိုက်ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။