Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဆားလင်းကြီးနယ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းက မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတ​ပ်နှင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ရင်း (၂၈)မှ ရဲများသည် အင်အားအများအပြားဖြင့် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ငယ်များ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းက မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတ​ပ်နှင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ရင်း (၂၈)မှ ရဲများသည် အင်အားအများအပြားဖြင့် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် မြောက်ယမားတံတားတောင်ဘက် လမ်းတစ်လျှောက် လမ်းဘေးဝဲယာ ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Revolution Youth Group အဖွဲ့က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးယူထားသောရဲများလည်း ဝမ်ပေါင်လမ်းဆုံမှ မြောက်ယမားတံတားထိပ်ထိ ကင်းပုန်းများချ နေရာယူထားပြီး ကုမ္ပဏီမှ ကြေးများသယ်ယူမည်ဟု သိရကြောင်း Revolution Youth Group အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG

နောက်ဆက်တွဲအခြေအနေအား ဆက်လက်စုံစမ်းနေပြီး ထပ်မံသတင်းရရှိခြင်း မရှိသေးပါ။

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတ​ပ်က မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ် ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။