Connect with us

Hi, what are you looking for?

သတင်း

သြစတြေးလျဘဏ် ANZ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်

ဒီနေ့ နေ့လယ်ပိုင်း ANZ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လာမယ့်နှစ် အစောပိုင်းရပ်နားမယ်လို့သိရပါတယ်။

ဓာတ်ပုံ − ABC
ဓာတ်ပုံ − ABC

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၁ လကျော်အကြာမှာ သြစတြေးလျဘဏ် ANZ ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာမယ်လို့ ဒီနေ့မှာ ကြေညာလိုက်ပါတယ်။

ANZ ဘဏ်ထွက်ခွာမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပ ဘဏ် တစ်ခု ပထမဆုံးအကြိမ် မြန်မာနိုင်ငံကနေ ထွက်ခွာတာဖြစ်ပြီး ဒီထွက်ခွာမှုဟာ ပြည်တွင်းမှာ ကျန်နေဆဲ ပြည်ပဘဏ်တွေအပေါ်ရိုက်ခတ်မှုရှိလာမှာပါ။

ANZ ဘဏ်ဟာ စစ်ကောင်စီရဲ့အင်းဝဘဏ်နဲ့ငွေကြေးလွှဲပြောင်းမှုတွေရှိတယ်လို့ နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ Distributed Denial of Secrets အဖွဲ့က ဖွင့်ချပြီးနောက်မှာ ANZ က မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ဆုံးဖြတ်ချက်ထွက်လာတာပါ။

” ဒေသဆိုင်ရာ လုပ်ငန်းလည်ပတ်မှုအပေါ် သေသေချာချာစဉ်းစားပြီးမှဒီဆုံးဖြတ်ချက်ချတာ” လို့ ANZ ဘဏ်ရဲ့ နိုင်ငံတကာမန်နေဂျင်းဒါရိုက်တာ ဆိုင်မွန်အိုင်ယာလန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ နေ့လယ်ပိုင်း ANZ ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းတွေကို လာမယ့်နှစ် အစောပိုင်းရပ်နားမယ်လို့သိရပါတယ်။

ANZ ဘဏ်ဟာမြန်မာနိုင်ငံမှာ ဝန်ထမ်း ၂ ဒါဇင်ခန့်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ကဏ္ဍစုံက နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေထွက်ခွာရာမှာ ANZ ဘဏ်ရဲ့ထွက်ခွာမှုဟာ ပြည်ပ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုအနေနဲ့ ပထမဆုံးထွက်ခွာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

တော်လှန်အနုပညာရှင် သုံးဦး ခေါင်းဆောင် ပါဝင်ထားတဲ့ Ray ရုပ်ရှင်ကို ဇွန် ၂၇ ရက် ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးပြသသွားမှာဖြစ်ပါတယ်။

သတင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြမှု ဇွန်လ ၇ ရက်က ပြုလုပ်ခဲ့ပါတယ်။