Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ စကခ(၁၉)တပ်အနီး ရေးစခန်းမှူးအပါအဝင် ရဲသုံးဦးကို ရှင်းလင်းခဲ့ဟု ရေးဘီလူးအဖွဲ့ပြော

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

▪️လက်နက် တစ်လက်ရဟု အသိပေး

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက် ခိုက်ရေးတပ်တစ်ခုအနီးတွင် ရေးမြို့ စခန်းမှူး အပါအဝင် ရဲ သုံးဦးကို ယနေ့နံနက်တွင် ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီခွဲခန့်တွင် စခန်းမှူး လိုက်ပါလာသည့် ကားကို ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

“ရေးမြို့ (၁၉)တပ်ရင်းနဲ့ မီတာ ၂၀ ၊ ၃၀ အကွာအဝေးလောက်မှာ ကျွန်တော်တို့က ဝင်ပစ်တာ ဖြစ်တယ်ခင်ဗျ။ သူတို့က ကားနဲ့အလာ။ ပါဂျဲရိုး မီနီအသေးနဲ့ပေါ့။ သူတို့က အလာ ကျနော်တို့တွေက လမ်းခုလတ်က စောင့်ပစ်တာပေါ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ ရေးမြို့တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်(စကခ-၁၉) တပ်တည်ရှိသည်။

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

အဆိုပါ တိုက်ခိုက်မှုအတွင်း M-16 တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး ဓာတ်ပုံများကို ထုတ်ပြန်ပေးသွားမည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် စက်တင်ဘာအတွင်းကလည်း ရေးမြို့နယ် ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရေးမြို့နယ် ကဗျာကြီးရွာအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ဖူးသည်။ ထိုစဉ်ကလည်း စခန်းမှူးကိုင်သည့် သေနတ်အပါအဝင်လက်နက် ၃လက်ရရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။