Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ စကခ(၁၉)တပ်အနီး ရေးစခန်းမှူးအပါအဝင် ရဲသုံးဦးကို ရှင်းလင်းခဲ့ဟု ရေးဘီလူးအဖွဲ့ပြော

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

▪️လက်နက် တစ်လက်ရဟု အသိပေး

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက် ခိုက်ရေးတပ်တစ်ခုအနီးတွင် ရေးမြို့ စခန်းမှူး အပါအဝင် ရဲ သုံးဦးကို ယနေ့နံနက်တွင် ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။

နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီခွဲခန့်တွင် စခန်းမှူး လိုက်ပါလာသည့် ကားကို ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

“ရေးမြို့ (၁၉)တပ်ရင်းနဲ့ မီတာ ၂၀ ၊ ၃၀ အကွာအဝေးလောက်မှာ ကျွန်တော်တို့က ဝင်ပစ်တာ ဖြစ်တယ်ခင်ဗျ။ သူတို့က ကားနဲ့အလာ။ ပါဂျဲရိုး မီနီအသေးနဲ့ပေါ့။ သူတို့က အလာ ကျနော်တို့တွေက လမ်းခုလတ်က စောင့်ပစ်တာပေါ့”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ ရေးမြို့တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်(စကခ-၁၉) တပ်တည်ရှိသည်။

(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)
(ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရှင်းလင်းခဲ့စဉ်က သိမ်းဆည်းရမိသော လက်နက် များ)

အဆိုပါ တိုက်ခိုက်မှုအတွင်း M-16 တစ်လက် သိမ်းဆည်းရရှိခဲ့ပြီး ဓာတ်ပုံများကို ထုတ်ပြန်ပေးသွားမည်ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ရေးဘီလူးအဖွဲ့သည် စက်တင်ဘာအတွင်းကလည်း ရေးမြို့နယ် ခေါ်ဇာရဲစခန်းမှူးအပါအဝင် ရဲတပ်သား သုံးဦးကို ရေးမြို့နယ် ကဗျာကြီးရွာအနီးတွင် ပစ်ခတ်ရှင်းလင်းခဲ့ဖူးသည်။ ထိုစဉ်ကလည်း စခန်းမှူးကိုင်သည့် သေနတ်အပါအဝင်လက်နက် ၃လက်ရရှိခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။