Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင် ပျူနှစ်ဦးက စစ်အုပ်စုကို အိပ်ဆေးခပ် ပြီး လက်နက်နှင့်ကျည်များယူလာပြီး အလင်းဝင်

ယနေ့ (နိုဝင်ဘာ၂၃ ရက်) နံနက် ၁၀နာရီခန့်က မြိုင်(ပကဖ) တပ်ရင်း(၁)ထံသို့ ကံလှကျေးရွာနေ ဖိုးချစ်၊ မရွေးကုန်းရွာနေ ခိုင်ဇော်ဝင်းတို့ ပျူနှစ်ဦးက လက်နက်နှင့်ကျည်များဖြင့် အလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

လက်နက်နှင့်ကျည်များ အပ်နှံပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ-မြိုင်(ပကဖ)
လက်နက်နှင့်ကျည်များ အပ်နှံပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးက စစ်အုပ်စုအား အိ​ပ်ဆေးခပ်ပြီး လက်နက်နှင့်ကျည်အများအပြားယူဆောင်ကာ ပြည်သူ့ရင်ခွင် ခိုဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၂၃ ရက်) နံနက် ၁၀နာရီခန့်က မြိုင်(ပကဖ) တပ်ရင်း(၁)ထံသို့ ကံလှကျေးရွာနေ ဖိုးချစ်၊ မရွေးကုန်းရွာနေ ခိုင်ဇော်ဝင်းတို့ ပျူနှစ်ဦးက လက်နက်နှင့်ကျည်များဖြင့် အလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပျူနှစ်ဦးသည် ပခုက္ကူမြို့နယ်၊ ဘုန်းကံလမ်းခွဲ၊ ကောင်းစက်ဝိုင်းပန့်ဆိုင်အနီး၌ စစ်သား လေးဦး၊ ပျူ ၁၁ဦးရှိသည့်အဖွဲ့ကဖြစ်ပြီး အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းလို၍ စစ်သားနှင့်ပျူများအား ထမင်းကြော်တွင် အိပ်ဆေးထည့်၍ ကျွေးမွေးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

၎င်းစစ်သားများ အိပ်နေချိန်တွင် MA3 တစ်လတ်၊ MA1တစ်လတ်၊ Carbine1တစ်လတ်၊ ကျည်ဘောက် ၅ခု၊ ကျည်၅၈တောင့်၊ Carbineဘောက် ၃ခု ကျည်၅၂တောင့်ဖြင့် ရင်း(၁)ထံသို့ လက်နက်များလာရောက်အပ်နှံ အလင်းဝင်ရောက်သဖြင့် ယင်းပျူများအား ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်သိန်း(၅၀)ချီးမြှင့်၍ လွတ်လပ်စွာ နေထိုင်နိုင်သော နေရာသို့ပို့ဆောင်နေရာချထားခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိမိတို့စီစဥ်ပေးထားသော ထမင်းကြော် ထဲတွင် ဆေးထည့်မှုနည်းပါးခဲ့သဖြင့် စစ်သားများထံမှ လက်နတ် ၁၃လက်ရမည့်အစား ၃လက်သာ ရရှိခဲ့ခြင်းဖြစ်သည်ဟု မြိုင်(ပကဖ) အဖွဲ့က ဆိုသည်။

ကျန်ရှိသော စစ်အုပ်စုဝင်များအနေဖြင့် အမြင်မှန်ရကာ ပြည်သူ့ရင်ခွင်ထံသို့ ပူးပေါင်းစေလိုကြောင်း မြိုင်ပကဖအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။