Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင် ပျူနှစ်ဦးက စစ်အုပ်စုကို အိပ်ဆေးခပ် ပြီး လက်နက်နှင့်ကျည်များယူလာပြီး အလင်းဝင်

ယနေ့ (နိုဝင်ဘာ၂၃ ရက်) နံနက် ၁၀နာရီခန့်က မြိုင်(ပကဖ) တပ်ရင်း(၁)ထံသို့ ကံလှကျေးရွာနေ ဖိုးချစ်၊ မရွေးကုန်းရွာနေ ခိုင်ဇော်ဝင်းတို့ ပျူနှစ်ဦးက လက်နက်နှင့်ကျည်များဖြင့် အလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

လက်နက်နှင့်ကျည်များ အပ်နှံပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ-မြိုင်(ပကဖ)
လက်နက်နှင့်ကျည်များ အပ်နှံပြီးနောက် တွေ့ရစဉ်၊ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင် နှစ်ဦးက စစ်အုပ်စုအား အိ​ပ်ဆေးခပ်ပြီး လက်နက်နှင့်ကျည်အများအပြားယူဆောင်ကာ ပြည်သူ့ရင်ခွင် ခိုဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (နိုဝင်ဘာ၂၃ ရက်) နံနက် ၁၀နာရီခန့်က မြိုင်(ပကဖ) တပ်ရင်း(၁)ထံသို့ ကံလှကျေးရွာနေ ဖိုးချစ်၊ မရွေးကုန်းရွာနေ ခိုင်ဇော်ဝင်းတို့ ပျူနှစ်ဦးက လက်နက်နှင့်ကျည်များဖြင့် အလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ပျူနှစ်ဦးသည် ပခုက္ကူမြို့နယ်၊ ဘုန်းကံလမ်းခွဲ၊ ကောင်းစက်ဝိုင်းပန့်ဆိုင်အနီး၌ စစ်သား လေးဦး၊ ပျူ ၁၁ဦးရှိသည့်အဖွဲ့ကဖြစ်ပြီး အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းလို၍ စစ်သားနှင့်ပျူများအား ထမင်းကြော်တွင် အိပ်ဆေးထည့်၍ ကျွေးမွေးခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

၎င်းစစ်သားများ အိပ်နေချိန်တွင် MA3 တစ်လတ်၊ MA1တစ်လတ်၊ Carbine1တစ်လတ်၊ ကျည်ဘောက် ၅ခု၊ ကျည်၅၈တောင့်၊ Carbineဘောက် ၃ခု ကျည်၅၂တောင့်ဖြင့် ရင်း(၁)ထံသို့ လက်နက်များလာရောက်အပ်နှံ အလင်းဝင်ရောက်သဖြင့် ယင်းပျူများအား ထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်သိန်း(၅၀)ချီးမြှင့်၍ လွတ်လပ်စွာ နေထိုင်နိုင်သော နေရာသို့ပို့ဆောင်နေရာချထားခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိမိတို့စီစဥ်ပေးထားသော ထမင်းကြော် ထဲတွင် ဆေးထည့်မှုနည်းပါးခဲ့သဖြင့် စစ်သားများထံမှ လက်နတ် ၁၃လက်ရမည့်အစား ၃လက်သာ ရရှိခဲ့ခြင်းဖြစ်သည်ဟု မြိုင်(ပကဖ) အဖွဲ့က ဆိုသည်။

ကျန်ရှိသော စစ်အုပ်စုဝင်များအနေဖြင့် အမြင်မှန်ရကာ ပြည်သူ့ရင်ခွင်ထံသို့ ပူးပေါင်းစေလိုကြောင်း မြိုင်ပကဖအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။