Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ သုဝဏ္ဏတွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်သတ်ခံရ

ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာအတွင်းက လှိုင်မြို့နယ်တွင် အငြိမ်းစားဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့် ၎င်း၏သားမက် ဗိုလ်ကြီးဟောင်း ရှင်းလင်းခံထားရသည်။

(စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့ သုဝဏ္ဏတွင် အကြမ်းဖက်ဖြိုခွင်းမှုများကို ၂၀၂၁မတ်လ ၂၁ရက်က ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့ သုဝဏ္ဏတွင် အကြမ်းဖက်ဖြိုခွင်းမှုများကို ၂၀၂၁မတ်လ ၂၁ရက်က ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီ သတင်းစုဆောင်းရေးမှူးနှင့် တော်လှန်ရေးရဲဘော်များ ဖမ်းဆီးသတ်ဖြတ်ရာတွင် ပါဝင်သူဟုဆို

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ (၂၃)ရပ်ကွက်တွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၄ ရက်) နံနက် ၈နာရီခန့်က အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို ၎င်းနေ ထိုင်ရာ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် (၄)ထောင့်ရှိ နေအိမ်ရှေ့တွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ဗျူဟာမှူးအဆင့် နဲ့ နားထားတာ။တပ်မ(၇၇)က လို့သိရတယ်”ဟု သင်္ဃန်းကျွန်းမြို့ခံတစ်ဦး က လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သင်္ဃန်းကျွန်းအပါအဝင် သာကေတ ၊တာမွေမြို့နယ်များ၌ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်စစ်ဆေးမှုများရှိနေသည်ဟု မျက်မြင်တွေ့ရှိသူများက အသိပေး သည်။

Public Service Announcement

Public Service Announcement

“အိမ်စီးကားတွေပါ သုံးပြီး စခရော၊ ရခတွေရော ကင်းလှည့်နေတယ်။ပြီးတော့ မီးပွိုင့်ထပ်က ကင်းတဲတွေမှာပါ ကင်းပုန်းတွေတွေ့ရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အသတ်ခံရသည့် အငြိမ်းစားဗိုလ်မှူးကြီးဆိုသူသည် စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးတစ်ဦးဖြစ်ကြောင်း မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ဦးဆောင်သူလည်းဖြစ်၊ အာဏာသိမ်းပြီးတဲ့အချိန်မှာ မင်းအောင်လှိုင်ရဲ့ နောက်မြီးဆွဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီထံမှ ကား အထောက်အပံ့ရယူထားပြီး အကြမ်းဖက်စစ်ကောင်စီအား အရေးကြီးသတင်းအချက်အလက်များစုဆောင်းပေးသည့် Data Center ဖြစ်ကာ စစ်ကောင်စီ​၏ အချို့သော ဝါဒဖြန့် Channelများအား စီမံခန့်ခွဲထိန်းချုပ်နေသူတစ်ဦးဖြစ်ကြောင်း မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ယခုရှင်းလင်းမှုဖြစ်စဥ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာအတွင်းက လှိုင်မြို့နယ်တွင် အငြိမ်းစားဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့် ၎င်း၏သားမက် ဗိုလ်ကြီးဟောင်း ရှင်းလင်းခံထားရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ထောက်တိုင်များ ၊အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်ကောင်စီတပ်သားများ မကြာခဏအသတ်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်မှာ အမျိုးသား ၁ဦး ကား ၁စီးနဲ့အတူ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်တပ်ခန့်ရပ်ကွက်အုပ်ကြီး​တွေကို၁ရက် လူ ၅​ယောက်ဆွဲ​​ပေးရမယ်လို့ ဖိအား​ပေးထားဟုဆို

သတင်း

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။