Connect with us

Hi, what are you looking for?

သတင်း

ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လယ်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီး

“ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လယ်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပစ်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော အဖွဲ့က ဟင်္သာတမြို့ ဟင်္သာရုပ်အဝိုင်းလမ်းနှင့် ကပ်လျက်ရှိသော အစ္စလာမ်သင်္ချိုင်းဟောင်းအနီးတွင် အောက်တိုဘာ ၁၃ရက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် စစ်ကောင်စီက သင်္ချိုင်းဟောင်း အုတ်တံတိုင်းကို ဖြိုချလိုက်ပြီး အုတ်ဂူအချို့ကိုပါ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

“ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စ်တပ်က အစ္စလာမ်သင်္ချိုင်းဟောင်းအတွင်းမှ အုတ်ဂူများကို ဖြိုဖျက်​ခြင်း၊ သစ်ပင်များခုတ်ခြင်းတို့ကို ဆက်လက်ပြုလုပ်နေသည်ဟု ဒေသခံများက သတင်းပေးပို့သည်။ သင်္ချိုင်းဟောင်းထဲမှ သစ်ကိုင်းများကို ဟင်္သာတမြို့ ဦးပါရဲဘုရားလမ်းဘေးတွင် စစ်ကောင်စီအမိန့်ဖြင့်စုပုံထားသည်ဟုလည်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

အောက်တိုဘာ ၁၃ရက်က တိုက်ခိုက်မှုကို ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲ နှစ်ဦးသေဆုံးကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။