Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှာ ဆိုင်ကယ်စီးခွင့် စစ်ကောင်စီ ကန့်သတ်

ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။

စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဆိုင်ကယ်နဲ့ဆန္ဒထုတ်ဖော်နေစဉ်
စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ဆိုင်ကယ်နဲ့ဆန္ဒထုတ်ဖော်နေစဉ်

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီက ဆိုင်ကယ်စီးခွင့်ပြုတဲ့အချိန်ကို ကန့်သတ်လိုက်ပါတယ်။

ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။

ဒီကန့်သတ်ချက်ဟာ မနေ့ကစတင်အသက်ဝင်ပြီလို့ စစ်အုပ်စုလိုက်လံကြေညာထားပါတယ်။

ပခုက္ကူမြို့တွင်း ဆိုင်ကယ်ကိုအသုံးပြုပြီး စစ်ရေးပစ်မှတ်တွေ မကြာခဏ တိုက်ခိုက်ခံရတာ ၊ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်အုပ်စုလိုလားသူ ပျုစောထီးတွေ သတ်ဖြတ်ခံရတာကြောင့် အခုလို ကန့်သတ်ချက်တွေစစ်ကောင်စီက ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။