Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်များရှင်းလင်း

မကွေးတိုင်း ပခုက္ကူမြို့၊အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေး မှူးကို အမျိုးသမီးရဲဘော်များက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း Earthquake People’s Defence Force က ထုတ်ပြန်သည်။

စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့သည့် အမျိုးသမီးရဲဘော်များ
စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့သည့် အမျိုးသမီးရဲဘော်များ

စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်ပြီး ပြည်သူများကို အမျိုးမျိုးနှိပ်စက်နေသည့် (၁၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) နံနက် ၇နာရီခွဲခန့်တွင် ရှင်း လင်းခဲ့သည်ဟု ဆိုသည်။

“သူက စခ တွေနဲ့ပေါင်းပြီး မျိုးစုံယုတ်မာနေတာတွေ သက်သေနဲ့တကွ တိုင်ကြားလာလို့ သွားရှင်းလိုက်တာပါ”ဟု Earthquake People’s Defence Force မှ ကိုပိန်က လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးကို အမျိုးသမီးရဲဘော်များက မြို့ထဲသို့ဝင်ရောက်

ကာ ၎င်း၏ နေအိမ်ရှေ့၌ပင် ရှင်းလင်းနိုင်ခဲ့ကြောင်း ​ဖော်ပြသည်။ပြန်လည်ခုခံရန်ကြိုးစား၍ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့ရ သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲမေများ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး သက် ဆိုင်ရာစခန်းများသို့ ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာကြောင်း Earthquake People’s Defence Forceက အသိပေးသည်။

စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးနှုတ်ထွက်ရန် အကြိမ်ကြိမ်စာထုတ်ပြန်ခဲ့သော်လည်း လိုက် နာခြင်းမရှိသဖြင့် ရှေ့ဆက်အရေးယူရမည့်သူ များ ကျန်ရှိနေကြောင်းလည်း သတိပေးသည်။

ယခုလ ၁၈ ရက်ကလည်း ပခုက္ကူမြို့နယ် အမှတ် (၁၁)ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်မှ အငြိမ်းစားအရာရှိတစ်ဦး ပစ်ခတ်ရှင်းလင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း Yangon Army (YA) အဖွဲ့တာဝန်ရှိသူကပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ ဆေးရုံတက်သူတွေကို ထမင်းဝေနေတဲ့ ပရဟိတအသင်းအခန်း ဖောက်ထွင်းခံရပြီး ပစ္စည်းများ ခိုးယူခံလိုက်ရပါတယ်။

သတင်း

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်ထဲမှ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၁၃၆စီးသည် လေကြောင်းပစ်ကူယူပြီး ပေါက်မြို့နယ်မှတစ်ဆင့်ယောဒေသဘက်သို့ ဦးတည်ထွက်ခွာလာသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် (၆၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ချိန်ကိုက်မိုင်းတစ်လုံးဖြင့် တိုက်ခိုက်ပြီးနောက် လာရောက်စစ်ဆေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Operation Flame ၏တာဝန်ခံက ပြောသည်။