Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်း၌ ဆီဘောက်ဆာပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ငါးဦးခန့်သေဟုဆို

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့် နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးခန့်သေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာ၂၆ ရက်) ညနေ ၆နာရီခန့်က မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ မိုးကာအုပ်ကားကြီး နှစ်စီးနှင့် ဆီဘောက်ဆာကား တစ်စီးပါယာဥ်တန်းအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းများ အထပ်ထပ်ချထားသည့်ကြားမှ ပွိုင့်တည့်တည့်ပေါ်အရောက် ငါးလုံးပါ ပဒေသာမိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ပထမဆုံးကားနှင့် အနီးရှိ ကင်းပုန်းများပါထိပြီး ငါး ဦးသေဆုံး၍ ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု Daung Karyan က ဆိုသည်။

ကင်းပုန်းများက ရမ်းပစ်၍ PDF-South Monywa မိုင်းအဖွဲ့ဒုခေါင်းဆောင် အမှတ် (၂) တပ်ခွဲမှူးတစ်ဦးကျည်ထိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဆက်လက်ပြီး ၎င်းယာဥ်တန်းသည် ဆက်လက်ထွက်ခွာလာရာ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီးအရောက်၌ ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaက ပြောသည်။

အဆိုပါ ယာဥ်တန်းအား ငါးလုံးပါ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ်ကားကြီးတစ်စီးထိပြီး ကားပျက်စီးသွားကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။

နိုဝင်ဘာ၂၅ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းနှင့်မုံရွာတို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းများကို မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း လမ်းပိုင်းတစ်လျှောက် ဒေသတွင်း PDFများက မိုင်းများဆက်တိုက်ခွဲကာတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။