Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖမ်းဆီးမှုများပြုလုပ်နေ

ယနေ့(နိုဝင်ဘာ ၂၈ရက်)နံနက် ၈ နာရီခန့်တွင်စစ်ကောင်စီတပ်များသည် ကျွဲတွင်းကျေးရွာမှ အင်အား ၁၅၀ခန့်ဖြင့် မြောက်ဘက်သို့ ဦးတည် ထွက်ခွာလာ​၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများကို ပြီးခဲ့သည့် ဇူလိုင်က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများကို ပြီးခဲ့သည့် ဇူလိုင်က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပခုက္ကူမြို့ဘက်မှ စစ်ကောင်စီတပ်အပါအဝင် စစ်ကြောင်းများထိုးဝင်ရောက်နေပြီး ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ၂၇ ရက်)နံနက်ပိုင်းက ပခုက္ကူမြို့ဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းသည် နံနက် ၁၁နာရီခန့်တွင် မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ အိုင်းမကျေးရွာကို ဝင်ရောက်မွေနှောက်ခဲ့ကြောင်း၊ ထို့နောက် ညနေ၃ နာရီခန့်တွင် ဝါးရင့်ချိုင်ကျေးရွာကို တစ်ဖွဲ့ခွဲထွက်လာပြီး ကျေးရွာအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့၍ နေအိမ်အချို့ ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယမန်နေ့ညက အိုင်းမရွာ၌ အင်အား ၈၀ခန့်ဖြင့် တပ်စွဲညအိပ်ခဲ့ပြီး ဝါးရင့်ချိုင်ရွာဘုန်းကြီးကျောင်းတွင်လည်း အင်အား ၇၀ခန့် ညအိပ်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

အလားတူ မြိုင်မြို့တောင်ဘက် စက်မှု (၂)ရှိ စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂၆ ရက်နှင့် ၂၇ရက်က ချိုင်ဇောက်ကျေးရွာကို နှစ်ရက်ဆက်ဝင်ရောက်ခဲ့ပြီး ပြည်သူအချို့အား ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ချိုင်ဇောက်ရွာက ပြည်သူလေးဦးကိုဖမ်းဆီးထားပြီး ယခုအချိန်ထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။”ဟု We Love Myaing အဖွဲ့က ပြောသည်။

ထို့အပြင် ပခုက္ကူမြို့နယ်မြောက်ပိုင်း မြောက်လူးကန်ရွာတွင်လည်း ယမန်နေ့ညက စစ်ကောင်စီတပ် များ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၈ရက်)နံနက် ၈ နာရီခန့်တွင်စစ်ကောင်စီတပ်များသည် ကျွဲတွင်းကျေးရွာမှ အင်အား ၁၅၀ခန့်ဖြင့် မြောက်ဘက်သို့ ဦးတည် ထွက်ခွာလာ​၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။