Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြင်ဆင်မှုကို ကုလ လွန်စွာစိုးရိမ်ဟုဆို

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)
(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)

အာဏာသိမ်းစစ်ကောင်စီကအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ခြင်းနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး(OHCHR)က ယမန်​နေ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေလို့ အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တို့လို အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်မှု ကျင့်သုံးမှုတွေကို တားမြစ်ခဲ့ပါတယ်။ စစ်ကောင်စီ အခုပြင်ဆင်ပြဌာန်းတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုဆိုင်ရာပြစ်မှုအဖြစ်သတ်မှတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver က “အထူးသဖြင့် စစ်တပ်က သူတို့အာဏာသိမ်းမှုကို ဆန့်ကျင်သူတိုင်းကို စနစ်တကျ နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲခြင်း​တွေကြောင့် နိုင်ငံအတွင်းမှာ အရပ်ဘက် အခန်းကဏ္ဍကဆိတ်သုဉ်း​နေပါပြီ”လို့ပြောပါတယ်။

သူကဆက်လက်ပြီး​တော့လည်း “ဒီဋစည်းမျဉ်းအသစ်​တွေက အသက်ရှင်သန်ရန် ရုန်းကန်နေရတဲ့လူဦး​ရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း​တွေန့ ဝန်ဆောင်မှု​တွေကိုပေးပို့ကူညီနိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း​တွေလည်ပတ်ရန်နေရာလွတ်ကို သိသိသာသာ လျော့ပါးသွားစေနိုင်ပါတယ်”လို့ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် မြန်မာပြည်သူတွေရဲ့ ရဲဝံ့သော ကြိုးပမ်း ဆောင်ရွက်မှုတွေကို အပြည့်အဝပံ့ပိုးကူညီပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။