Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်ကို ဖမ်းဆီးထိန်းသိမ်း

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။

သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Voice Of MDY
သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Voice Of MDY

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား PDFအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ ရက်) နံနက်ပိုင်းက မတ္တရာမြို့နယ်၊ စခန်းသာမှ မြောင်းသစ်အကူး ကျက်ပြင်ကျေးရွာမြောက်ဘက်တွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား ဒေသခံပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကာ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မတ္တရာ (ပကဖ)အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“ဖမ်းထားတာဖြစ်ပါတယ်။ ပြည်သူတွေဆီကနေ မတရားသိမ်းပိုက်ထားတဲ့ပစ္စည်းများအားလုံးကို မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။ ​ရိက္ခာကားပါ။ စစ်ကြောင်းထိုးသွားပါတယ်။ ရိက္ခါများကိုတော့ ထွေလာဂျီတစ်စီးပေါ်တင်ပြီးတော့ ရွှေ့ခိုင်းတာဖြစ်ပါတယ်။ အဲဒီကားကိုတော့သိမ်းထားပါတယ်”ဟု စစ်ဆင်​ရေးတွင်ပါဝင်သည့် မတ္တရာနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

Public Service Announcement

Public Service Announcement

ဖမ်းဆီးမိခဲ့သည့်ကားပေါ်ပါသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အသိပေးခြင်းမရှိသေးပေ။

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်​တွေရဲ့ စဉ့်ကူးမြို့သိမ်းတိုက်ပွဲ အတွင်း အချုပ်ကနေလွတ်မြောက်ခဲ့တဲ့ မြန်မာအမျိုးသမီး စတီရီယိုတေးသံရှင် အဆို​တော် တသသ ကိုအာဏာသိမ်းစစ်တပ်ကပြန်လည်ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကိုသိသူ​တွေက​ပြောပါတယ်။