Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်ထဲ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာ

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့လည်းအဲဒီအဖွဲ့က ဆိုထားပါတယ်။

မတ္တရာမြို့နယ်ထဲ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာ
မတ္တရာမြို့နယ်ထဲ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ မြေတလိုင်းကျေးရွာကနေ ပြန်လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းခွဲရာမှာ ထိခိုက်သေကြေမှုတွေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မြွေတလိုင်းကျေးရွာကို စီးနင်း တပ်စွဲထားတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ မိုင်းကွင်းထဲ ရောက်လာတာနဲ့တပြိုင်နက် မိုင်းခွဲခဲ့တာလို့ဒေသကာကွယ်ရေးတပ် တောကြီးမြွေပွေး အဖွဲ့ ထုတ်ပြန်ပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားတယ်လို့လည်းအဲဒီအဖွဲ့က ဆိုထားပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာတဲ့ အင်အား ၃၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ္တရာမြို့နယ် ၊ ဧရာဝတီကမ်းဘေးက ကျေးရွာအချို့မှာတပ်စွဲတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook