Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းတွင် စစ်တပ်နှင့်ပျူတပ်စွဲ​နေ​သောရွာကိုPDFတိုက်ခိုက်

TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါ​ကြောင်းထုတ်ပြန််ထားသည်။

(စစ်တပ်နှင့်ပျူတပ်စွဲထား​သောရွာကိုTDPDF ကတိုက်ခိုက်​နေစဥ်)
(စစ်တပ်နှင့်ပျူတပ်စွဲထား​သောရွာကိုTDPDF ကတိုက်ခိုက်​နေစဥ်)

မင်းကင်းမြို့နယ် ​ကျော်ရွာအတွင်းတပ်စွဲထား​သောစစ်ကောင်စီတပ်နှင့်ပျူစောထီးများတပ်စွဲထားသည့်ကျော်ရွာကို​တောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်​နေ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​သော်လည်းချက်ချင်းထုတ်ပြန်ပါက စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ လာတက်၍ ယ​နေ့မှထုတ်ပြန်ခြင်းဖြစ်​ကြောင်း ​တောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ် (People Defence Force Taung Dwin-Minkin TDPDF)တာဝန်ရှိသူတစ်ဦး က​ပြောသည်။

“စစ်​​ေးတွေ ပျူတွေ ထိတာများတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးကပြောသည်။

TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါ​ကြောင်းထုတ်ပြန််ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျော်ရွာအတွင်းတပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။ နိုဝင်ဘာ ၂၇ရက်ကမင်းကင်းမြို့နယ် တောင်တွင်းဒေသမှ ပျားသုံးကျေးရွာကို မီးရှို့ရန်လာစဥ် TDPDF နှင့် ရွှေတြိဂံပကဖ တို့ကပူး​ပေါင်း တိုက်ခိုက်ခဲ့​သေးသည်။

နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲတွင် TDPDFတပ်ဖွဲ့ စမ်းသပ်ထုတ်လုပ်ထားသော လက်နက်ကြီးဖြင့်လည်း ပစ်ကူတိုက်ခိုက်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ထိခိုက်မှုရှိနိုင်သည်ဟုအဖွဲ့က အသိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။