Connect with us

Hi, what are you looking for?

သတင်း

မင်းကင်းတွင် စစ်တပ်နှင့်ပျူတပ်စွဲ​နေ​သောရွာကိုPDFတိုက်ခိုက်

TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါ​ကြောင်းထုတ်ပြန််ထားသည်။

(စစ်တပ်နှင့်ပျူတပ်စွဲထား​သောရွာကိုTDPDF ကတိုက်ခိုက်​နေစဥ်)
(စစ်တပ်နှင့်ပျူတပ်စွဲထား​သောရွာကိုTDPDF ကတိုက်ခိုက်​နေစဥ်)

မင်းကင်းမြို့နယ် ​ကျော်ရွာအတွင်းတပ်စွဲထား​သောစစ်ကောင်စီတပ်နှင့်ပျူစောထီးများတပ်စွဲထားသည့်ကျော်ရွာကို​တောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သည်။

နိုဝင်ဘာ ၂၈ ရက်​နေ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​သော်လည်းချက်ချင်းထုတ်ပြန်ပါက စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ လာတက်၍ ယ​နေ့မှထုတ်ပြန်ခြင်းဖြစ်​ကြောင်း ​တောင်တွင်း၊မင်းကင်းပြည်သူ့ကာကွယ်​ရေးတပ် (People Defence Force Taung Dwin-Minkin TDPDF)တာဝန်ရှိသူတစ်ဦး က​ပြောသည်။

“စစ်​​ေးတွေ ပျူတွေ ထိတာများတယ်” ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးကပြောသည်။

TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါ​ကြောင်းထုတ်ပြန််ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကျော်ရွာအတွင်းတပ်စွဲထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏစစ်ကြောင်းထိုးဖျက်ဆီးနေသည်။ နိုဝင်ဘာ ၂၇ရက်ကမင်းကင်းမြို့နယ် တောင်တွင်းဒေသမှ ပျားသုံးကျေးရွာကို မီးရှို့ရန်လာစဥ် TDPDF နှင့် ရွှေတြိဂံပကဖ တို့ကပူး​ပေါင်း တိုက်ခိုက်ခဲ့​သေးသည်။

နိုဝင်ဘာ ၂၇ရက်က တိုက်ပွဲတွင် TDPDFတပ်ဖွဲ့ စမ်းသပ်ထုတ်လုပ်ထားသော လက်နက်ကြီးဖြင့်လည်း ပစ်ကူတိုက်ခိုက်ခဲ့ကြသည်။ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့ ထိခိုက်မှုရှိနိုင်သည်ဟုအဖွဲ့က အသိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook