Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်တွင် ဘီယာဆိုင်ထိုင်နေသည့် စခန်းမှူးအပါအဝင် ရဲငါးဦးပစ်ခတ်ခံရပြီး ငါးဦးလုံးသေ

သိမ်းဆည်းရမိသော လက်နတ်သုံးလက်နှင့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
သိမ်းဆည်းရမိသော လက်နတ်သုံးလက်နှင့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့

▪️သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းမှ ရဲငါးဦး ဘီယာဆိုင်ထိုင်နေစဥ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ငါးဦးလုံးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ထုတ်ပြန်သည်။

ယမန်နေ့ (ဒီဇင်ဘာ၁ ရက်)မွန်းလွဲ ၁နာရီခန့်ကညောင်ဦး​မြို့နယ်၊ စဥ့်ကူရဲစခန်း၏ စခန်းမှူးအပါအဝင် ရဲငါးဦးသည် တက်မမှော်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေချိန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ကွန်မန်ဒို ရဲဘော် လေးယောက်ဖြစ်သော ရဲဘော်ဒီး၊ရဲဘော် ပုဂံကြီး၊ရဲဘော် ပုဂံလေးနှင့် ရဲဘော် King တို့က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က အသိပေးသည်။

သိမ်းဆည်းရမိသော လက်နတ်သုံးလက်နှင့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့
သိမ်းဆည်းရမိသော လက်နတ်သုံးလက်နှင့် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ၊ ဓါတ်ပုံ-ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့

ထို့အပြင် ရဲအုပ်စုထံက G3 နှစ်လက်နှင့် အူဇီတစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ကသတင်းအချက်အလက် ထောက်လှမ်းပေးမှုဖြင့်အချိန်တစ်လ​ကျော်ကြာပြင်ဆင်ခဲ့ကြောင်း၊ ထိုဖြစ်စဥ်အတွင်း ရဲဘော်တစ်ဦးပေါင်ကို ကျည်ထိမှန်ခဲ့သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပြည်သူကို မတရားအခွန်ကောက်ခြင်း၊ လက်နက် အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ်နှိပ်စက်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ ရဲအုပ်စု သေဆုံးမှုနှင့်ပတ်သက်၍ ထပ်မံအတည် ပြုနိုင်ခြင်း မရှိသေးပေ။

သို့သော် ၎င်းတို့တပ်ဖွဲ့မှာ အကြွေးသိန်း ၂၀၀နီးပါးရှိသည့်အပြင် စစ်ဆင်ရေးများသောကြောင့် ကျည်ဆံမလုံလောက်မှုများ​ဖြစ်ပေါ်နေ၍ ပြည်သူများထည့်ဝင်လှူဒါန်းပေးရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ ကျင်ဒွေးတံတားကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျင်ဒွေးတံတား ထိန်းသိမ်းပြုပြင်နေတဲ့ အရပ်သား ၉ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က သတင်းထုတ်ပြန်ပါတယ်။