Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ
တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများဖြင့် အဖမ်းခံရသူက ရဲအရာရှိထံမှ သေနတ်လုယူပြီး ပစ်ခတ်၍ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့လာတဲ့သူသုံးယောက်ကို ဖမ်းလာပြီး ကားပေါ်တင် ခေါ်လာတာ။ အဖမ်းခံရသူထဲက တစ်ယောက်က ​အရာရှိဆီကနေ သေနတ်လုယူပြီး ပစ်တာ။ ရဲတပ်ကြပ်ခေါင်းပွင့်သေတယ်။ ကားသမားက အရပ်သား။ အဲ့ကားသမားလည်း ရှပ်ထိတယ်။ ကံကောင်းလို့ မသေတာ”ဟု အထက်ပါရဲအရာရှိက ပြောသည်။

အထက်ပါဖြစ်စဥ်သည် တာချီလိတ်မြို့ ခရိုင်ကြက်ခြေနီရုံးအနီး မြို့ပတ်လမ်းတွင် နိုဝင်ဘာ ၂၈ရက်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ တာချီလိတ်မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ကျော်သီဟ ဦးဆောင်ပြီး မူးယစ်ဆေးဖမ်းစဥ် ပြန်လည်ပစ်ခတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကားပေါ်တွင်း လုံးထွေးရိုက်ပုတ်နေရင်း ရဲတပ်ဖွဲ့ကပြန်ပစ်ရာ ဖမ်းဆီးခံရသူသုံးဦးအနက်မှ တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

သေဆုံးသူ ရဲတပ်ကြပ်သီဟမောင်မောင်တွင် ကလေးသုံးဦး၊ ဇနီးနှင့် အသက်(၇၀)အရွယ်ဖခင်တစ်ဦးကျန်ရစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖေးမနှစ်သိပ်မှုမရှိဘဲ အမှုကိုလိမ်လည်၍ အထက်က်ို ကြေးနန်းပို့ခဲ့သည်ဟု အတွင်းသိ ရဲအရာရှိတစ်ဦးက ပြောသည်။

“ခေါင်းဆောင်က ပေါ့ဆလို့ အပစ်ခံရတာ။ ဒါကို တပ်ကြပ်သီဟမောင်မောင်ကိုအပြစ်ဖို့ပြီး ကြေးနန်းလိမ်တင်ထားတယ်။မိသားစုဝင်တွေကတော့ အနာဂတ်ပျောက်ပြီ”ဟု အထက်ပါ ရဲအရာရှိကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။