Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ
တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများဖြင့် အဖမ်းခံရသူက ရဲအရာရှိထံမှ သေနတ်လုယူပြီး ပစ်ခတ်၍ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့လာတဲ့သူသုံးယောက်ကို ဖမ်းလာပြီး ကားပေါ်တင် ခေါ်လာတာ။ အဖမ်းခံရသူထဲက တစ်ယောက်က ​အရာရှိဆီကနေ သေနတ်လုယူပြီး ပစ်တာ။ ရဲတပ်ကြပ်ခေါင်းပွင့်သေတယ်။ ကားသမားက အရပ်သား။ အဲ့ကားသမားလည်း ရှပ်ထိတယ်။ ကံကောင်းလို့ မသေတာ”ဟု အထက်ပါရဲအရာရှိက ပြောသည်။

အထက်ပါဖြစ်စဥ်သည် တာချီလိတ်မြို့ ခရိုင်ကြက်ခြေနီရုံးအနီး မြို့ပတ်လမ်းတွင် နိုဝင်ဘာ ၂၈ရက်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ တာချီလိတ်မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ကျော်သီဟ ဦးဆောင်ပြီး မူးယစ်ဆေးဖမ်းစဥ် ပြန်လည်ပစ်ခတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကားပေါ်တွင်း လုံးထွေးရိုက်ပုတ်နေရင်း ရဲတပ်ဖွဲ့ကပြန်ပစ်ရာ ဖမ်းဆီးခံရသူသုံးဦးအနက်မှ တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

သေဆုံးသူ ရဲတပ်ကြပ်သီဟမောင်မောင်တွင် ကလေးသုံးဦး၊ ဇနီးနှင့် အသက်(၇၀)အရွယ်ဖခင်တစ်ဦးကျန်ရစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖေးမနှစ်သိပ်မှုမရှိဘဲ အမှုကိုလိမ်လည်၍ အထက်က်ို ကြေးနန်းပို့ခဲ့သည်ဟု အတွင်းသိ ရဲအရာရှိတစ်ဦးက ပြောသည်။

“ခေါင်းဆောင်က ပေါ့ဆလို့ အပစ်ခံရတာ။ ဒါကို တပ်ကြပ်သီဟမောင်မောင်ကိုအပြစ်ဖို့ပြီး ကြေးနန်းလိမ်တင်ထားတယ်။မိသားစုဝင်တွေကတော့ အနာဂတ်ပျောက်ပြီ”ဟု အထက်ပါ ရဲအရာရှိကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။