Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်​ကော်တွင် စစ်တပ် တပ်စွဲထား​သော​နေရာများကိုပြန်လည်သိမ်းပိုက်ရန် ကရင်နီ​တပ်များက၆ရက်ဆက်တိုက်ခိုက်

တိုက်ပွဲဖြစ်ပွားနေစဥ်တွင်ပါလောင်းရွာလမ်းမကြီး​ပေါ်ဆိုင်ကယ်​ဖြင့်ဖြတ်သန်းမောင်းနှင်သွားသော ဆူးဖဲလောကျေးရွာမှပြည်သူ(၁)ဦးကို စစ်တပ်မှပစ်ခတ်သတ်ဖြတ်ခဲ့​ကြောင်းလည်းKNDF က​အသိ​ပေးသည်။

(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)
(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)

လွိုင်ကော်မြို့နယ်တွင် စစ်​ကောင်စီတပ် တပ်စွဲထား​သော​နေရာများကိုပြန်လည်သိမ်းပိုက်ရန် ​ကရင်နီ​တော်လှန်​ရေးတပ်များက ခြောက်ရက်ဆက်တိုက်ခိုက်ရာ တိုက် စစ် ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးထိခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ် ရင်း (၂ )က ယမန်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၄ ရက်မှစ၍ လွိုင်​ကော်မြို့နယ် ပါလောင်းရွာရှိဆေးခန်းနှင့်ဘုန်းကြီး ကျောင်းတွင်တပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိစစ်ကောင်စီတပ်ကို ကရင်နီ​​​တော်လှန်​​ရေးပူး​​ပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ပြီးတစ်နေ ကုန်နီးပါးတိုက်ပွဲဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင်စစ်ကောင်စီတပ်အထိနာခဲ့ပြီး ပါလောင်းရွာပြင်အစပ်သို့ ပြောင်းရွေ့တပ်ဆုတ်သွားခဲ့ရကြောင်းသိရသည်။

(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)
(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)

တိုက်ပွဲဖြစ်ပွားနေစဥ်တွင်ပါလောင်းရွာလမ်းမကြီး​ပေါ်ဆိုင်ကယ်​ဖြင့်ဖြတ်သန်းမောင်းနှင်သွားသော ဆူးဖဲလောကျေးရွာမှပြည်သူ(၁)ဦးကို စစ်တပ်မှပစ်ခတ်သတ်ဖြတ်ခဲ့​ကြောင်းလည်းKNDF က​အသိ​ပေးသည်။

နိုဝင်ဘာ ၂၅ ရက်တွင်လည်း ရွာပြင်အစပ်ရှိလူ​နေအိမ်များ၌ နေရာပြောင်းရွေ့ကာတပ်စွဲသောစစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ရာတိုက်ပွဲမှာ နေ့လည် ၁၁ နာရီခွဲမှ ညနေ ၃ နာရီ ခွဲခန့်အထိ ကြာမြင့်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်နေစဥ်အတွင်း လွိုင်ကော်အခြေစိုက်တပ် ခလရ(၂၅၀)မှ လက်နက်ကြီးပစ်ကူ (၁၅)ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သဖြင့် ရွာအတွင်းလူနေအိမ်အများအ​ပြားပျက်စီးခဲ့သည်။

(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)
(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)

ထို​နေ့တိုက်ပွဲတွင်စစ်​ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်​သော်လည်းအတည်မပြုနိုင်ခဲ့ပေ။

ထို့အပြင် နိုဝင်ဘာ ၂၆ ရက်တွင် ပါလောင်းရွာအရှေ့ဘက်ရှိ ဒေါတယို့ရွာသစ်နှင့်ရွာဟောင်းကြားတွင် ထပ်မံပြောင်းရွေ့တပ်စွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်ပေါင်းစုံက နံနက်ပိုင်းတွင်သွား​ရောက်ပစ်ခတ်ခဲ့ပြီး တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ထို​နေ့တိုက်ပွဲ၌ ကရင်နီ တပ်ပေါင်းစုဘက်မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ထို​နောက်ပူးပေါင်းတပ်များကပါလောင်းရွာအတွင်းနယ် မြေရှင်းလင်းရေးပြုလုပ်ခဲ့​ပြီး အကြမ်းဖက်စစ်တပ်မှပစ်ခတ်သတ်ဖြတ်၍သေဆုံးသော​ပြည်သူရုပ်အလောင်းကိုမြှုပ်နှံပေးခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်တွင်လည်း ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းနေစဥ်ဒေါတယို့ ရွာသစ်နှင့် ရွာဟောင်းကြား၌ စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတိုက်ပွဲထပ်မံဖြစ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် လေးနာရီခန့်ကြာမြင့်ခဲ့ပြီးလွိုင်ကော် အခြေစိုက် တပ်စခန်းမှ လက်နက် ကြီး ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ တိုက်ပွဲအတွင်းတပ်ပေါင်းစုမှရဲဘော် တစ်ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်တွင်လည်း ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။

(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)
(ကရင်နီပူး​ပေါင်းတပ်များသိမ်းဆည်းရရှိ​သော စစ်တပ်အသုံးအ​ဆောင်ပစ္စည်းအချို့နှင့် ကရင်နီ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNDF-B2)

နိုဝင်ဘာ ၂၉ ရက်တွင် ပါလောင်းရွာ အနောက်ဘက်တောင်ပေါ်၌နေရာယူထားသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ် ပေါင်းစုတို့ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်။တပ်ပေါင်းစုများမှ တောင်ကုန်းပေါ်သို့သွားရောက်၍ ကြိုတင်ရှိနေသောစစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ​တောင်​ပေါ်တိုက်ပွဲတွင် တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီးစစ်ကောင်စီတပ်သား (၂)ဦးထိခိုက်သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း​ဖော်ပြထားသည်။

ပါလောင်းကျေးရွာနှင့်ဝန်းကျင်တွင် (၆)ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ ကရင်နီ တပ်ပေါင်းစုဘက်မှ ရဲဘော်၆ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း ​သေဆုံးထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“အဓိကတော့ ကျွန်တော်တို့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ပြန်လည်ရယူဖို့ ထိုးစစ်ဆင်နေတယ်။နောက်ပြီး ဒေသတွင်းက ပြည်သူတွေအနေနဲ့ စစ်ရေးနဲ့ပတ်သတ် လို့ အမြဲ ဂရုပြုပြီးနေထိုင်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

ပါလောင်းကျေးရွာနှင့် ဒေါတယို့ကျေးရွာတို့သည်စစ်ကောင်စီ၏ရိက္ခာပို့ လမ်း ကြောင်းပေါ်တွင်ရှိနေသောကြောင့်တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ကျေးရွာနေပြည်သူအများအပြား​ အိုးအိမ်စွန်ခွာ စစ်ဘေးရှောင်နေ​ကြရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။