Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၅)နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ပစ်ခတ်

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဓာတ်ပုံ - KNU- Mutraw News
ဓာတ်ပုံ - KNU- Mutraw News

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊အမြောက်များ၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၆ရက်)က ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း သုံးခုထက်မနည်းကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ ညာတခိုကျိုး တပ်စခန်းအပါအဝင် စခန်းအချို့ သိမ်းရခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘုနိုကျေးရွာအတွင်းသို့ လာရောက်ဗုံးသီးကြဲချ၊ အခြားကျေးရွာများအတွင်းပါ အမြောက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ ၇ရက် နံနက် ၄နာရီခွဲခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးသည် ဖာပွန် (မူတြော်) ခရိုင်လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုအတွင်းရှိ ဒေဘုနိုကျေးရွာအတွင်းသို့ ဗုံးသီး နှစ်လုံး လာရောက်ကြဲချခဲ့သည်ဟု အသိပေးခဲ့ပြီး ရောဘာ်ပင်များ ထိုခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - KNU- Mutraw News
ဓာတ်ပုံ – KNU- Mutraw News

တစ်ချိန်တည်း၌ပင် ဘူးသိုမြို့နယ်၊ ခေါပု(ခေါပုတ်)ကျေးရွာအုပ်စုအတွင်းရှိ ဖောထာကျေးရွာအနီးအနားရှိ လယ်မြေအတွင်းသို့ စစ်ကောင်စီတိုက်လေယာဉ်က ဗုံးသီး(၁၂)လုံးလာရောက်ကြဲချရာတွင် ပြည်သူပိုင်ကျွဲ(၆)ကောင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။

နံနက် ၁၀နာရီခန့်တွင် ဖာပွန်မြို့အခြေစိုက်တပ်စခန်းမှ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟိုက်ကျေးရွာအုပ်စုအတွင်းရှိ ဘောခေါ်ဒဲကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ၁၀နာရီ ကျော်တွင်လည်း ထိုဝီးဒဲကျေးရွာနားရှိတောစပ်တစ်နေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - KNU- Mutraw News
ဓာတ်ပုံ – KNU- Mutraw News

ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်ကို KNU တပ်မဟာ(၅)က ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၁၀ကျော်ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ယခုလ ဒီဇင်ဘာ ၆ရက်မှစ၍ စစ်ကောင်စီတပ်စခန်းအချို့အား KNUက သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ရာ ယမန်နေ့က ညာတခိုကျိုး စခန်းသိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ဟု KNU သတင်းရင်းမြစ်က ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။