Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ကန့်ဘလူနယ် ယောရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထဲက ယောရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပျုစောထီးတွေကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူနယ် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

ယောရွာထဲမှာ ပျုစောထီးသင်တန်းပေးဖို့အတွက် စစ်ကောင်စီတပ်ဟာ တပ်စွဲထားတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

ဒါကြောင့် ဒီနေ့ နေ့လယ်ပိုင်း ၁ နာရီခွဲခန့်မှာ Kanbalu Underground Warriors မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီ နဲ့ ကန့်ဘလူတောင်ခြမ်း Local အဖွဲ့တွေ လက်နက်ကြီး နဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
Public Service Announcement

အပြန်အလှန်ပစ်ခတ်မှုလည်း ၁၅ မိနစ် နီးပါး ဖြစ်ခဲ့ပြီး ဒေသကာကွယ်ရေး အင်းအားစုတွေ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့တယ်လို့ လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းက ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်ဆိုပြီး ဒေသခံတွေကို လက်နက်တပ်ဆင်ပေးတာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။