Connect with us

Hi, what are you looking for?

သတင်း

ဝမ်ပေါင်၌ကင်းစောင့်နေသော စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် ကြေးနီစီမံကိန်းဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများ၊ ဓာတ်ပုံ-၅/Fundrasing Team
ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများ၊ ဓာတ်ပုံ-၅/Fundrasing Team

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း၏ ဝမ်ပေါင်ကုမ္ပဏီ၌ ကင်းစောင့်ပေးနေသော စစ်​ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူ များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ​ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၂ရက်) နံနက်ပိုင်းက ဝမ်ပေါင်ကုမ္ပဏီဝင်းရှိ စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးလာ၍ မုံရွာ – ပုသိမ်လမ်းဘေးကျေးရွာများမှ ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ၅/Fundrasing Teamက ဖော်ပြသည်။

“အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေပါတယ်။”ဟု ၅/Fundrasing Teamက ဆိုသည်။

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ပုသိမ်-မုံရွာလမ်း ယမားချောင်းတံတားတောင်ဘက်တွင် စစ်ကားအကြီး လေးစီး၊ ရွှေတောင်ဦးကုန်းတွင် သုံးစီးရောက်ရှိနေ၍ ပြည်သူများအနေဖြင့် ပုသိမ်-မုံရွာလမ်းပိုင်းအသုံးမပြုကြရန် နယ်စည်းမခြား ဇာမဏီပျောက်ကြားတပ်ဖွဲ့က ဗိုလ်စံဖဲက သတိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် ကြေးနီစီမံကိန်းဝန်းကျင်ကျေးရွာများအား မကြာခဏဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။