Connect with us

Hi, what are you looking for?

သတင်း

ကုလတွင် မြန်မာကိုယ်စားပြုထိုင်ခုံနေရာ သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်ရရှိ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။

၂၀၂၂၊ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်၊ဓာတ်ပုံ - UN
၂၀၂၂၊ နိုဝင်ဘာ ၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားစဉ်၊ဓာတ်ပုံ - UN

▪️စစ်ကောင်စီအဆိုပြုသံအမတ်ကို ကုလသမဂ္ဂ ပယ်ချ

ကုလသမဂ္ဂသည် မြန်မာစစ်ကောင်စီအဆိုပြုသည့် သံအမတ်ကို ပယ်ချခဲ့ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်လိုက်ကြောင်း NUG သတင်းဌာန PVTV က ဖော်ပြသည်။

ယမန်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအစည်းအဝေးအတွင်း ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(UN Credentials Committee)က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို နောက်ထပ်တစ်နှစ်ဆက်လက်ထားရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Credentials Committee က အတည်ပြုကြေညာချက် မထွက်ပေါ်မီအထိ တရားဝင်မပြောဆိုလိုသော်လည်း ၎င်းကို ဆက်လက်ခန့်အပ်ကြောင်း သဘောတူထားသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက VOA အင်္ဂလိပ်ပိုင်းကိုပြောကြားထားသည်။

အစောပိုင်းကတည်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် ရုရှားမှလွဲ၍ Credentials Committee အတွင်းသဘောတူညီမှုရရှိခဲ့ကြောင်း၊ သဘောတူညီချက်ကို ရုရှားက ဖျက်ဆီးမည်ကိုစိုးရိမ်သဖြင့် နှောင့်နှေးနေခြင်းဖြစ်ကြောင်း Al Jazeera သတင်းဌာနက ဖော်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်တွင် သံအမတ်ကြီးက မြန်မာပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည်။

ထိုသို့ရပ်တည်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီက သံအမတ်ကြီးကို ရာထူးမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သော်လည်း ကုလသမဂ္ဂက လက်ရှိအချိန်အထိ မြန်မာကိုယ်စားပြု ထိုင်ခုံကို သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ခန့်အပ်အတည်ပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အဖွဲ့ဝင် ၅၅ နိုင်ငံပါဝင်တဲ့ အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် စက်တင်ဘာ ၁၄ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။