Connect with us

Hi, what are you looking for?

သတင်း

KTV တွင်ဖမ်းဆီးခဲ့​သော စစ်​ကောင်စီဝန်ထမ်းနှစ်ဦးကို NUG ကအကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။

(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)
(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)

ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့​​သောစစ်​ကောင်စီ၏ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့်အငယ်တန်းစာရေးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) ရဲမှုးအောင်ကြီးက People’s Springသို့ပြောသည်။

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) မှ ရဲမှူးကြီးက​​ရှင်းပြသည်။

ကလေးခရိုင်မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော်ကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ဒီဇင်ဘာလ ၁၀ရက်နေ့လည်က PDF က​လေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သုံးဦးအား တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံသဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ထို့အပြင်တရားခံများအား နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

ဗိုလ်မှူးနဲ့ အမျိုးသမီးတရားသူကြီးနှစ်ဦးကိုချန်လှပ်ပြီးအမှုလမ်းကြောင်းပြောင်းဖို့စီစဥ်​

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။