Connect with us

Hi, what are you looking for?

သတင်း

KTV တွင်ဖမ်းဆီးခဲ့​သော စစ်​ကောင်စီဝန်ထမ်းနှစ်ဦးကို NUG ကအကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။

(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)
(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)

ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ပိတ်ဆို့ဖမ်းဆီးခဲ့​​သောစစ်​ကောင်စီ၏ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့်အငယ်တန်းစာရေးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်လိုက်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) ရဲမှုးအောင်ကြီးက People’s Springသို့ပြောသည်။

“ပြည်သူ့ရဲချုပ်ရုံးရဲ့ညွှန်ကြားချက်ရပါပြီ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲမှာပါ” ဟုရဲမှုးအောင်ကြီးကပြောသည်။အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲလိုက်ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) မှ ရဲမှူးကြီးက​​ရှင်းပြသည်။

ကလေးခရိုင်မြန်မာ့စီးပွါးရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော်ကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB ကာရာအို​ကေနှင့် အနှိပ်ခန်းတွင် ဒီဇင်ဘာလ ၁၀ရက်နေ့လည်က PDF က​လေး တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သုံးဦးအား တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံသဖြင့်အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ထို့အပြင်တရားခံများအား နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဖွင့်ထားတဲ့ KTVမှာ K လို့ လူသိများတဲ့ မူးယစ်ဆေးသုံးတဲ့ အမျိုးသား ၂ဦး သေဆုံးသွားပြီး တစ်ဦးကို ဆေးကုသနေရပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။