Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

TNLAနှင့် စစ်ကောင်စီ မြေပြင်တိုက်ပွဲရပ်သွားသော် လည်း စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုဆက်လုပ်

ကုန်းသာရွာနှင့် အနီးဆုံးရွာဖြစ်သည့်ဟူးမန်းရွာနှင့်ပန်းအလောင်ရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းများက ဝင်ရောက်မွှေနှောက်ကာ ငွေနှင့် ရွှေထည် ပစ္စည်းများယူဆောင်သွားသည်ဟု ဟူးမန်းရွာခံ အမျိုးသမီး၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)

▪️တိုက်ပွဲဖြစ်ရာအနီးရှိ ကုန်းသာရွာ၌ နေအိမ် လေးလုံးမီးလောင်၊ ရွာလုံးကျွတ် လက်နက်ကြီးထိမှန်ပျက်စီး

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် တို့ ယမန်နေ့ကစပြီး မြေပြင်တိုက်ပွဲရပ်သွားသော်လည်း စစ်ကောင်စီတပ်က လေကြောင်းမှ ကင်းထောက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းဆက်လက်ပြုလုပ်နေ​ကြောင်းTNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောကြားသည်။

TNLA တပ်မဟာ(၂) စစ်ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာနှင့်အနီးတဝိုက်သို့ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်အင်အားချပြီး ထိုးစစ်ဆင်လာ၍ ဒီဇင်ဘာ ၇ရက်မွန်းလွဲပိုင်းမှ ဒီဇင်ဘာ ၁၁ရက် ညပိုင်းအထိ ၅ရက်ဆက် ​နေ​ရော ညပါတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ – TNLA)

“မနေ့ကနဲ့ ဒီနေ့ကတော့ နှစ်ဖက်ပစ်ခတ်မှုကတော့ ငြိမ်နေတယ်။ ဒါပေမဲ့ ငြိမ်နေပေမယ့်လည်း မနေ့က တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာ မနက်ကနေ နေ့လည်အထိက ရဟတ်ယာဉ်တစ်စီးက ဝဲပြီး ပစ်မှတ် ရှာနေတာပေါ့။ ၂နာရီခွဲလောက်မှာတော့ ဂျက်လေယာဉ်နဲ့ ၃နေရာ ၄နေရာလောက် တိုက်ပွဲဖြစ်တဲ့နားမှာ ဗုံးကြဲတိုက်ခိုက်မှု ပြန်လုပ်လာတာရှိတယ်”ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က People’s Spring သတင်းဌာနသို့ပြောသည်။

Public Service Announcement
Public Service Announcement

မြေပြင်တိုက်ပွဲများ၌ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သော်လည်း အသေးစိတ် အခြေအနေများ မသိရသေးဟု ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အရပ်သားသေဆုံးထိခိုက်ရှိမရှိကို စိစစ်နေဆဲဖြစ်သည်ဟုဆိုသည်။

“ကျေးရွာတွေကထိတယ်။ ကျွန်တော်တို့လည်း အကုန်လုံးလည်း ဝင်လို့မရသေးဘူး။ အဝေးက ကြည့်တာတော့ လူနေအိမ်တွေမီးလောင်တာတော့ တွေ့ရတယ်။ အသေးစိတ်စိစစ်နေတုန်း”ဟု ၎င်းက ​ပြောသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ – TNLA)

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ အိမ်ခြေ ၆၀ခန့်ရှိ ကုန်းသာကျေးရွာမှာ ရွာလုံးကျွတ် လက်နက်ကြီးထိမှန်ပျက်စီးခဲ့သည် ဟု TNLAက ယနေ့ ထုတ်ပြန်သည်။

“လူနေအိမ် (၄)အိမ်ကို သူတို့ (စစ်ကောင်စီတပ်) တွေက မီးရှို့လိုက်လို့ မီးလောင်ပြာကျသွားတယ်။ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အပါအဝင် အိမ်ခြေ ၅၀ ကျော်ဝန်းကျင်ကိုလည်း သူတို့ သေနတ်တွေနဲ့ ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီးလည်း ထိတယ်။ မီးမလောင်ပေမယ့် အကုန်ထိခိုက်ပျက်စီးကုန်ပြီ” ဟု ကုန်းသာကျေးရွာခံ တစ်ဦး၏ ပြောကြားချက်ကိုလည်း TNLA သတင်းနှင့်ပြန်ကြားရေးက ဖော်ပြသည်။

ကုန်းသာရွာနှင့် အနီးဆုံးရွာဖြစ်သည့်ဟူးမန်းရွာနှင့်ပန်းအလောင်ရွာကိုလည်း စစ်ကောင်စီတပ် စစ်ကြောင်းများက ဝင်ရောက်မွှေနှောက်ကာ ငွေနှင့် ရွှေထည် ပစ္စည်းများယူဆောင်သွားသည်ဟု ဟူးမန်းရွာခံ အမျိုးသမီး၏ ပြောကြားချက်ကိုလည်း ဖော်ပြသည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ – TNLA)

“သူတို့ ရွာထဲကိုစစ်ကြောင်းဝင်လာတော့အိမ်တိုင်းကိုဖောက်ပြီး မွှေသွားတယ်။ တချို့အိမ်ဆိုရွှေထည်ပစ္စည်းတွေပါသွားတယ်။ ကျွန်မဆိုင်ကိုလည်း သော့ဖျက်ပြီး စားစရာတွေ ဆန်အိတ်တွေ ကိုလည်း ဖောက်ပြီး သူတို့(စစ်​ကောင်စီတပ်) နိုင်သလောက်ယူသွားတယ်။ ပြီးတော့ ကျွန်မရောင်းလို့ရတဲ့ ငွေနဲ့ အရင်းအနှီးလုပ်ဖို့ ထားတဲ့ ငွေ ၁၇ သိန်းကျော်ကိုလည်း ယူသွားတယ်။ အခု ကျွန်မတို့ ဘယ်လို ရှေ့ဆက်ရမလဲ မသိဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောကြားကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ကုန်းသာရွာစီးနင်းတိုက်ခိုက်ခံရပြီးနောက်အဆိုပါ ကျေးရွာအနီးရှိ ဟူးမန်း၊ ပန်အလောက်၊ မန်လုံး၊ ပိန်းလုံနှင့် ဆာမ်ငမ်ရွာမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။