Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်(ပကဖ)မှ ရဲဘော်တစ်ဦးဖမ်းဆီးခံရပြီး စစ်ကောင်စီ၏စစ်ကြောရေးတွင် ကျဆုံး

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

(ရဲဘော်ဖုန်းမြတ်ကိုအား တွေ့ရစဥ်)
(ရဲဘော်ဖုန်းမြတ်ကိုအား တွေ့ရစဥ်)

ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင် ကျဆုံးသွားကြောင်း အဆိုပါအဖွဲ့က ယနေ့(ဒီဇင်ဘာ ၁၂) အသိပေးထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – နေပြည်တော်တပ်ဖွဲ့ဝင် ရဲဘော်ဖုန်းမြတ်ကိုသည် ဒီဇင်ဘာ ၁ ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“ဒီဇင်ဘာလ (၃)ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ကြောရေးစခန်းတွင် ကျဆုံးသွားပါသည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ရဲဘော်ဘုန်းမြတ်ကို ကျဆုံးမှုသည် များစွာသောဆုံးရှုံးမှုဖြစ်ပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုအပ်ပါသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – နေပြည်တော်အနေဖြင့် ရဲဘော်ဖုန်းမြတ်ကိုနှင့် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ၏ စိတ်ဓါတ်ကိုကိုင်စွဲ၍ နွေဦးတော်လှန်ရေးအောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုထားသည်။

ရဲဘော်ဘုန်းမြတ်ကိုကျဆုံးမှုနှင့်စပ်လျဥ်းပြီး အခြေအနေအကြောင်းကြောင်းကြောင့် ယခုမှ သတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း အသိပေးထားပြီး အခြေအနေအပြည့်အစုံအားသိရှိနိုင်ရန် People’s Spring က ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်ထံ ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။