Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်တွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်

အောက်တိုဘာအတွင်းကလည်း နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် ၂၀၂၁ မတ်လအတွင်းကတွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)
(မကွေးတိုင်း၊ တောင်တွင်းကြီးမြို့တွင် ၂၀၂၁ မတ်လအတွင်းကတွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ဓာတ်ပုံ - CJ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းအား ရှေ့ထွက်ပြောင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း ဂဠုန်တပ်နတ်မောက် PDF အဖွဲ့မှ ဗိုလ်ကျီးကန်းက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက် နံနက် ၉နာရီခန့်က နတ်မောက်မြို့နယ်၊ ကံသာကျေးရွာနှင့် ဖတ်တောရေကျေးရွာကြားတွင် စစ်ကောင်စီယဉ်တန်းအား ရှေ့ထွက်ပြောင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲဝင် ၁၄ဦးသေဆုံး၍ ‌လေးဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဂဠုန်တပ်နတ်မောက် PDF အဖွဲ့မှ ဗိုလ်ကျီးကန်းက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးအား ဂဠုန်စစ်ကြောင်း တပ်ခွဲ၁တပ်ခွဲမှူး ဗိုလ်အောင်ဒင်နှင့်ကျားသစ်နက်စစ်ကြောင်း တပ်ခွဲ (၂) တပ်ခွဲမှူးဗိုလ်ဥဩတို့က ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်သားများဖြင့်ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အောက်တိုဘာအတွင်းကလည်း နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ် စလေ-တောင်သားလမ်းအတိုင်းလာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Revolution Army-CRA တပ်ဖွဲ့ စစ်ရေးတာဝန်ခံ ရဲဘော် R ကြီးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့