Connect with us

Hi, what are you looking for?

သတင်း

မကွေး လဝကရုံးကို မိုင်းခွဲသတိပေး

မဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

မကွေး လဝကရုံးကို မိုင်းခွဲသတိပေး

မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ စစ်ကောင်စီထောက်တိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးကို မိုင်းဖောက်ခွဲ သတိပေးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်) နံနက် ၁၁နာရီခန့်က မကွေးမြို့၊ အဝေရာလမ်းပေါ်ရှိ မြို့နယ် လဝကရုံးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များက မိုင်းဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်ဖောက်ခွဲခဲ့ရာတွင် လဝကရုံးအတွင်းရှိ အဆောက်အအုံနှင့်ပစ္စ​ည်းများ ထိခိုက်ပျက်စီးခဲ့ပြီး ဝန်ထမ်းများထိခိုက်ခဲ့ခြင်းမရှိကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောသည်။

Public Service Announcement
Public Service Announcement

“လဝကရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ လူတွေကတော့ ထိခိုက်မှုမရှိပါဘူး။ ရုံးအပြင်ပိုင်းတော့ပျက်စီးမှုဖြစ်သွားပါတယ်။ တပ်စွဲတာတော့မရှိပါဘူး။”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယန္တရားလည်ပတ်စေသည့် ထောက်တိုင်များကို ဖြိုချဖျက်ဆီးမှုများ ပြုလုပ်နေပြီး Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းမှုများ ဆက်လုပ်နေပါက ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်များကို အာမခံမည်မဟုတ်ဟု ဗိုလ်ထန်ထွဋ်က ဆိုသည်။

မဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

နို၀င်ဘာ ၁၅ ရက် နံနက်ပိုင်းကလည်း မကွေး လေတပ်စခန်း ဒုံးကျည် သုံးလုံးပစ်ခတ်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းကာ အောက်တိုဘာ ၁၉ ရက်ကလည်း နတ်မောက်မြို့နယ်ပညာရေးမှူးအိမ်နှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးအိမ်များအား ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။