စစ်ဆေးရန်လာသည့် စစ်ကောင်စီယာဉ်ကို သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်းတပ် တိုက်ခိုက်
မကွေးတိုင်း မင်းတုန်းမြို့နယ် ရှိ စစ်ကောင်စီသတင်းပေးဟုဆိုသူ တစ်ဦးကို ယမန်နေ့က ပစ်ခတ်လိုက်ကြောင်း သရက်၊ ကံမ၊ မင်းတုန်း ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(EAGLE FORCE)က သတင်းထုတ်ပြန်သည်။
မင်းတုန်းမြို့နယ် လက်ပွကျေးရွာ၌ နေထိုင်သူ ဦးစိုးငြိမ်းသည် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား စစ်ကောင်စီတပ်က တိုက်ခိုက်ရန် သတင်းပေးခဲ့သူဖြစ်သည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းအား ဒီဇင်ဘာ ၁၅ရက် နံနက် ၇နာရီတွင် သရက်၊ကံမ၊မင်းတုန်း ပူးပေါင်း ပကဖ ( EAGLE FORCE)က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့ ပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်က်ပြီး စစ်ဆေးရန်လာသည့် စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ ၁၀ဦးခန့်ပါသည့် ယာဉ်တန်းကို ယမန်နေ့နံနက် ၁၀နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ရဲများစီးလာသည့် ကားပျက်စီးကာ သေဆုံးထိခိုက်ရှိသည်ဟု စုံစမ်းသိရှိရကြောင်း ထုတ်ပြန်သည်။စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုနှင့် ပတ်သပ်၍ People’s spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

ယခု ရှင်းလင်းလိုက်သည့် ဦးစိုးငြိမ်း၏ သတင်းပေးမူတွေကြောင့် ဩဂုတ် ၂၉ရက်တွင် စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ထို့ပြင် မင်းတုန်းမြို့နယ် “လက်ပွ”ကျေးရွာနှင့် “မှိုက်”ကျေးရွာမှ အပြစ်မဲ့ ဒေသခံရွာသား ၄၀ကျော် မတရား နှိပ်စက်ဖမ်းစီးခံထားရပြီး၊ လက်ပွရွာသား တစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း EAGLE FORCE က အသိပေးထားသည်။
ပူးပေါင်းတပ်ဖွဲ့သည် ဒီဇင်ဘာ ၁၂ရက်ကလည်း သရက်မြို့ တောင်ဘက် မြို့ဝင်ဂိတ် အနီးရှိ သရက် ကပစ(၁၂) သို့ သွယ်တန်းထားသော လျှပ်စစ်မီးလိုင်းမှ တာဝါတိုင်အား အဝေးထိန်းမိုင်း တစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပြီး ထိုတိုက်ခိုက်မှုကြောင့် ကပစ(၁၂)လျှပ်စစ်မီးလိုင်း ပျက်စီးဆုံးရှုံးမူအချို့ ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။


















































