Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်
နေပြည်တော် မှာ အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်

မနေ့ညပိုင်း သန်းခေါင်ယံ ကျော်ချိန်က နေပြည်တော် ၊ပုဗ္ဗသီရိမြို့ရဲ့ ၇ မိုင်ခန့်အကွာ ကို ဗဟိုပြုပြီး အင်အား ၄.၂ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလ ထုတ်ပြန်ချက်မှာတော့ ငလျင်ဟာမြေအနက် ၅ ကီလိုမီတာ ( ၃ မိုင်ကျော်ခန့်)မှာ ဗဟိုပြုပြီးလှုပ်သွားတာလို့ ဖော်ပြပါတယ်။

ငလျင်ကြောင့် ပျက်စီးထိခိုက်မှုမရှိဘူးလို့ နေပြည်တော်မှာနေထိုင်ကြသူအချို့ကို ဒီနေ့မနက်ပိုင်းဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန္တလေးမှာ ၂ ရက်ဆက်တိုက် ငလျင်ငယ်တွေ လှုပ်ခတ်ခဲ့လို့ စစ်ကိုင်းဘက်က မင်းကွန်းဒေသနဲ့ အင်းဝမြို့ဟောင်းက ရှေးဟောင်းသာသနိက အဆောက်အဦးတွေထိခိုက်ပျက်စီးတာဖြစ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။