Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်

မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများလည်း အလင်းဝင်ရောက်မှုရှိပြီး ဆက်လက်ဝင်ရောက်ကြရန်လည်း ဒေသကာကွယ်ရေးအဖွဲ့အချို့က သတိပေးတိုက်တွန်းထားသည်။

CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)
CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)

ကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်ကျည်အပြည့်အစုံဖြင့် CDM ပြုလုပ်လာ၍ ကျပ်သိန်း ၁၀၀ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်က မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား ကိုစွမ်းလင်းထက်သည် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိသောကြောင့် G3 တစ်လက် ၊ကျည်ဘောက်အပိုတစ်ခု ၊ G3 ကျည် ၅၂ တောင့်နှင့်အတူ CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)က အသိပေးသည်။

CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)
CDM ဝင်လာသော ရဲတပ်သား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့စဥ်၊ ရဲတပ်သားပါလာသော လက်နက်နှင့်ကျည်များ၊ ဓာတ်ပုံ-ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)

“စကစ ရဲ့ လုပ်ပုံကိုင်ပုံတွေကိုမကြိုက်နေတာတွေကြောင့် သူတို့လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တဲ့အတွက် CDM ဝင်လာတာလို့ပြောပါတယ်။ ဟိုးအရင်ကတည်းက CDM ဝင်ချင်ခဲ့ပေမယ့် CDM ဝင်လာတဲ့ရဲတွေ စစ်သားတွေကို PDFတွေက သတ်ပစ်တယ်၊ ရိုက်နှက်စစ်ဆေးတယ်။ လက်နက်ပါရင် လက်နက်ကိုယူပြီး လူကိုသတ်ပစ်တယ်ဆိုတဲ့ ဟိုဘက်က ဆိုက်ဝါးတွေကြောင့် မဝင်ဖြစ်နေသေးတာလို့လည်း ပြောပါတယ်။”ဟု ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်)၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများလည်း အလင်းဝင်ရောက်မှုရှိပြီး ဆက်လက်ဝင်ရောက်ကြရန်လည်း ဒေသကာကွယ်ရေးအဖွဲ့အချို့က သတိပေးတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

Facebook