Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် ကျော်တက်သည့် ခရီးသည်တင်ယာဥ် ပစ်ခတ်ခံရပြီး ခရီးသည်တစ်ဦးသေဆုံး

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
ဓါတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်ကို ကျော်တက်သည့် ခရီးသည်တင်ယာဉ်အား စစ်တပ်က ပစ်ခတ်ခဲ့ရာ ခရီးသည် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (ဒီဇင်ဘာ၂၃ ရက်)ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်အနီးတွင် စစ်ကိုင်းတပ်မ (၃၃)သည် မြင်းမူမြို့ဘက်ကို မောင်းနှင်လာသည့် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

ထိုအချိန် စစ်ကောင်စီယာဥ်က အပြင်းမောင်းနင်ရင်းပစ်ခတ်သွားရာ အဆိုပါယာဥ်အား ကျော်တက်ရန်ကြိုးပမ်းသည့် ဟိန်းစတား ခရီးသည်တင် အံစာတုံးကား ကျည်များထိမှန်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်ကောင်စီ စစ်ကားပေါ်က ပစ်ခတ်လိုက်တဲ့ကျည်များထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကားသမားမျက်လုံးကျည်ထိမှန်၊ အဖွားအိုတစ်ဦး ခြေထောက်ကျည်ထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ​ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက်သူများအား ကားအသင်းကဆေးရုံပို့ဆောင်ပေးခဲ့ပြီး ကျန်ခရီးသည်အချို့ကို ကားပြောင်းပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများအားမကြာခဏတိုက်ခိုက်နေပြီးစစ်အုပ်စုယာဥ်တန်းနှင့်အတူပြည်သူများလိုက်ပါလာခြင်းမပြုကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။