Connect with us

Hi, what are you looking for?

သတင်း

ယောဒေသအခြေစိုက် The Youth Force (Saw&Kyaukhtu)တပ်ဖွဲ့ဝင် ရဲဘော်များ ပထမဆုံးအကြိမ် တွေ့ဆုံပွဲပြုလုပ်

The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)
ဓာတ်ပုံ - The Youth Force (Saw&Kyaukhtu)

လုံခြုံရေးအခြေအနေအရ ဖြန့်ခွဲနေထိုင်သော တပ်ဖွဲ့ဝင်များအားလုံး ယနေ့ တစုတစည်းတည်းတွေ့ဆုံခဲ့ကြကြောင်း ယောဒေသအခြေစိုက် The Youth Force (Saw&Kyaukhtu)က သတင်းထုတ်ပြန်သည်။

The Youth Force (Saw&Kyaukhtu)၏ တပ်ဖွဲ့ဝင် များအားလုံး တွေ့ဆုံပွဲကို ယနေ့(ဒီဇင်ဘာလ ၂၅ရက်) ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့က အခြေအနေအရ ဖြန့်ခွဲနေထိုင် ကြတာ။ ပထမဆုံးအကြိမ်တွေ့ဆုံကြတာ။ ကျွန်တော်တို့က NUG ရဲ့ ဦးဆောင်မှုနဲ့အတူ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ထုတ်သွားကြမှာပါ” ဟု The Youth Force (Saw&Kyaukhtu)၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

The Youth Force (Saw&Kyaukhtu)သည် တော်လှန် ရေးအစကာလတွင် ယောဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုအဖြစ် စစ်ကောင်စီကို တိုက်ခိုက်ခဲ့သည်။ ယခုအခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းဖြစ်လာသည်။

Public Service Announcement

Public Service Announcement

The Youth Force (Saw&Kyaukhtu) အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကွပ်ကဲမှုများကို ခံယူ၍ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုင်ပွဲဝင်သွားမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။