Connect with us

Hi, what are you looking for?

သတင်း

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်
ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

ဧရာဝတီတံတား(ပခုက္ကူ )မှာ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်က ဖမ်းမိတဲ့လူငယ် ၄ ဦးဟာ စစ်ကိုင်းတိုင်း ၊ပုလဲဒေသမှာ ဒရုန်းသင်တန်းသွားပေးမယ့် PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလူငယ် ၄ ဦးကို ဒီဇင်ဘာလ ၁၆ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

လူငယ် ၄ ဦးဟာ ရန်ကုန်ကနေ ပခုက္ကူမြို့ကိုခရီးသည်တင်ကားနဲ့ထွက်လာချိန် ဧရာဝတီတံတား(ပခုက္ကူ) စစ်ဆေးရေးဂိတ်မှာ ဖမ်းခံရတာလို့သိရပါတယ်။

ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်
ပုလဲနယ်ဆီ ဒရုန်းသင်တန်းပေးဖို့ သွားတဲ့လူငယ် ၄ ဦးကိုဖမ်းမိထားတယ်လို့စစ်ကောင်စီဝါဒဖြန့်

ဖမ်းခံရသူ လူငယ် ၄ ဦးဟာ ကိုအောင်ကျော်ကျော်မြတ် ၂၃ နှစ် စမ်းချောင်းမြို့နယ် ၊ ကိုကောင်းမြတ်ထက် ၂၀ နှစ် မြောက်ဥက္ကလာပမြို့နယ် ၊ ကိုဖြိုးမင်းသူ ၂၀ နှစ် ကျောက်တံတားမြို့နယ် ၊ ကိုစိုင်းစည်သူအောင် ၂၄ နှစ် လှိုင်မြို့နယ်တို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းထုတ်ပြန်ချက်မှာ လူငယ် ၄ ဦးဟာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး တပ်မဟာ(၁) တပ်ရင်း(၃)မှာ ဒရုန်းမောင်းနည်းသင်တန်းတက်ရောက်ခဲ့သူတွေလို့စွပ်စွဲထားပါတယ်။

ဒါအပြင် ပုလဲနယ်က ဗိုလ်နဂါးတပ်တော်အတွက်ဒရုန်းသင်တန်းပို့ချဖို့ အသွားမှာ ဖမ်းဆီးလိုက်တာလို့လည်းစစ်ကောင်စီဘက်က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။