Connect with us

Hi, what are you looking for?

News

ချောင်းဦးရွာကို မီးရှိုသော စစ်ကောင်စီတပ်နှင့်ပျူများကိုမဟာမိတ်တပ်​ပေါင်းစုက တုံ့ပြန်တိုက်ခိုက်

ချောင်းဦးရွာမှ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အထဲတွင် စစ်​ကောင်စီတပ်များနှင့်အတူ ပျူများပါ ပါဝင်ကြောင်းသိရပါသည်ဟုလည်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ချောင်းဦးရွာကို ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီးခဲ့​သော အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများကို မဟာမိတ်တပ်​ပေါင်းစုက ယ​နေ့ (​ဖေ​ဖော်ဝါရီ ၁၈) ည​နေတွင် တုံ့ပြန်တိုက်ခိုက်ခဲ့​ကြောင်း ​အောင်ဆန်းတပ်ဖွဲ့-ASF ကထုတ်ပြန်သည်။

အောင်ဆန်းတပ်ဖွဲ့ – ASF ၊ သံမဏိတပ်ဖွဲ့ နှင့် ပုလဲပြည်သူ့ကာကွယ်ရေးတပ်- ပကဖ တပ်တို့၏ မဟာမိတ်တပ်ပေါင်းစုသည် ​ဖေ​ဖော်ဝါရီ၁၈ရက် ညနေ ၄ နာရီ ၂၀ မိနစ်
ခန့်တွင် စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများအခြေချရာ ပုလဲနယ်၊ ဇီးဖြူကုန်းရွာအနီးမှ စုံကုန်းတောတိုက်အား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့သော်လည်း စစ်​ကောင်စီတပ်နှင့် ပျူများသည် ကြောက်၍ ဆုတ်ခွာသွားသည့်အတွက် ၎င်းတို့ ခြေကုတ်ယူထားသော ပျူအိမ်များအား စီးနင်းမီးရှို့ခဲ့သည်ဟုထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

ချောင်းဦးရွာမှ ပြည်သူ့အိုးအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့်အထဲတွင် စစ်​ကောင်စီတပ်များနှင့်အတူ ပျူများပါ ပါဝင်ကြောင်းသိရပါသည်ဟုလည်း ထုတ်ပြန်သည်။

ဇီးဖြူကုန်းသို့ ဆုတ်သွားသော စစ်​ကောင်စီတပ်များမှာ အင်အားဖြည့်တင်းလျက် လက်နက်ကြီးပစ်ကူများဖြင့် ပြန်တက်လာသဖြင့် မဟာမိတ်တပ်ပေါင်းစုသည် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ပြန်လည်ဆုတ်ခွာခဲ့ပြီးအထက်ပါစီးနင်းမှုတွင် တပ်ပေါင်းစုဘက်မှ မည်သည့်အထိအခိုက်မှမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က ၎င်းတို့အား အထိနာအောင်တိုက်ခိုက်နိုင်သည့် ပုလဲမြို့နယ်ကို အငြိုးထား၍ ယခုလဆန်းပိုင်းကစ၍ ရွာလုံးကျွတ်မီးရှို့ မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မင်းတိုင်ပင်၊ အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း နှင့် လှော်ကားကြီး ရွာတို့မှ အိမ်ခြေ ၁,၀၀၀ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့ကာ ဒေသခံ ထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ယ​နေ့ နံနက်တွင်​ ချောင်းဦးရွာကို ထပ်မံမီးရှို့ခြင်းဖြစ်သည်။

အပြင် ပုလဲဒေသခံတပ်ဖွဲ့များအတွက် ထောက်ပံ့မှုများဆောင်ရွက်နေသည်ဟု စွပ်စွဲခံထားရသော ကျေးရွာ ၁၀ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ရန် ပစ်မှတ်ထားနေသည်ဟုလည်း ​ဒေသခံအချို့က​ ပြောသည်။

(စစ်​ကောင်စီတပ်နှင့်ပျူ​စောထီးများစခန်းချ​သောပျူအိမ်များကို မဟာမိတ်တပ်​ပေါင်းစုကမီးရှို့စဥ်။ဓါတ်ပုံ-ASF)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။