Connect with us

Hi, what are you looking for?

သတင်း

အင်းတော်တွင် KIA/PDF ပူးပေါင်းတပ် နှစ်ရက်ဆက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ

ယမန်နေ့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ကမိုးလှိုင်းကုန်းရွာကိုမီးရှို့ခဲ့ပြီး နေအိမ် ၁၆လုံးမီးလောင် ပျက်ဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

(စစ်ကောင်စီတပ်က အလောင်းသယ်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)
(စစ်ကောင်စီတပ်က အလောင်းသယ်ရာတွင် အသုံးပြုသည့် ထမ်းစဉ်အား တွေ့ရစဉ်၊ ဓာတ်ပုံ - IR)

▪️အထိနာသည့် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ နေအိမ်မီးရှို့ခြင်းများ ပြုလုပ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ ၂ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း အင်းတော် PDF ရဲဘော်က ပြောသည်။

ဒီဇင်ဘာ ၂၆ရက်နှင့် ယနေ့( ဒီဇင်ဘာ ၂၇ရက်) တွင် အင်အား၁၀၀ကျော်ပါ စစ်ကောင်စီတပ် များနှင့် ပူးပေါင်းတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။ ယမန်နေ့က ခရမ်းစပ်ကုန်းနှင့် မိုးလှိုင်းကုန်းရွာအနီး၌ ၁နာရီကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက် များနိုင်ကြောင်း၊ ပူးပေါင်းတပ်မှ ရဲဘော် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း Indaw Revolutionက ဖော်ပြထားသည်။

ယနေ့ နံနက်တွင်လည်း မဲဇာမှ အလယ်ဆိပ်ရွာဘက် တက်လာသည့် စစ်ကောင်စီတပ်ကို KIA/PDFက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃နာရီကျော် ဖြစ်ခဲ့ပြီး ပူးပေါင်းတပ်မှ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

“သူတို့က လေကြောင်းနဲ့ လာပစ်ကူတယ်။ ရွာတွေလည်းမီးရှို့တာပေါ့။ အခုကတော့ သူတို့က သေဆုံတဲ့ ခွေတွေ(စစ်ကောင်စီတပ်သားတွေ)ကို သူတို့ လုပ်နေကြအတိုင်း အရင်တိုက်ပွဲမှာ သေဆုံးတဲ့ဟာတွေကို ရွာတွေမီးရှို့ပြီး သူတို့ အလောင်တွေပါ တစ်ခါတည်း အစဖျောက်ပစ်တာ။ ဒဏ်ရာရတဲ့ဟာတွေကျတော့ မဲဇာမှာဆေးကုသနေတာပေါ့။ မဲဇာက အသိတစ်ယောက် သတင်းလှမ်းပို့ခဲ့တာကတော့ သူတို့ အထမ်းတွေနဲ့ လူနာတွေထမ်းပြီးတော့ လာခဲ့တာ တော်တော်များတယ်။နောက်ပြီးတော့ သူတို့ ခွေးတစ်ယောက်ကို သေနတ်ကို နှစ်လက် သုံးလက်စီ သယ်ပြီးမှ လာတာ တော်တော်များတယ်တဲ့”ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်ကမိုးလှိုင်းကုန်းရွာကိုမီးရှို့ခဲ့ပြီး နေအိမ် ၁၆လုံးမီးလောင် ပျက်ဆီးခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် ယနေ့တွင် လေကြောင်း တိုက်ခိုက်ခဲ့ပြီး အလယ်ဆိပ်ရွာကိုလည်း မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုသို့ မီးရှို့ရာ၌ သေဆုံးစစ်ကောင်စီတပ်သားများကိုပါ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် အလယ်ဆိပ်ရွာမှ ဈေးဆိုင်ခန်း၆ခန်း၊စာကြည့်တိုက် တစ်လုံး၊ နေအိမ်၂၆လုံးနှင့် စပါးတင်းပေါင်းထောင်ချီ မီးလောက်ပျက် ဆီးခဲ့ရကြောင်း ထုတ်ပြန်သည်။

အလယ်ဆိပ်၊မဲဇာနှင့်နန့်သဲရွာမှ ပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။