Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးလွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့များ တောင်းဆို

လူသားအကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေသော အများပြည်သူ ယုံကြည်အားကိုးရသည့် ခေါင်းဆောင်တစ်ဦးကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထားသည်မှာနိုင်ငံတော် တေည်ဆောက်ရေးနှင့် သဟဇတ ဖြစ်ရေးလုပ်ငန်းစဉ်များအတွက်များစွာ နှောင့်နှေးပြီး ဆုံးရှုံးမှုများဖြစ်စေသည်ဟုဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးလွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့များ တောင်းဆို
ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးလွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့များ တောင်းဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၂၇ရက်တွင် တောင်းဆိုခဲ့သည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဒီဇင်ဘာ ၅ရက်တွင် မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိထိန်းသိမ်းထားသည့်အပေါ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အရပ်ဖက်အဖွဲ့များကလည်း ယမန်နေ့တွင် သဘောထား ကြေညာချက်ထုတ်ပြန်၍ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဒဆရာတော်သည် လွန်ခဲ့သည့်အချိန်ကာလများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများဖြစ်သည့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသော ပြည်သူများကို လူမျိုး ဘာသာ ဂိုဏ်းကဏ္ဍ မခွဲခြားဘဲ ကူညီကယ်ဆယ်ထောက်ပံ့ခြင်း၊ စစ်ဘေးရှောင်ပြည်သူများ နေအရပ်ပြန်နိုင်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးနှင့် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးလွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့များ တောင်းဆို
ဒေါက်တာခလမ်ဆမ်ဆွန်အား အမြန်ဆုံးလွှတ်ပေးရန် ကချင်ပြည်နယ် အရပ်ဖက်အဖွဲ့များ တောင်းဆို

ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှု မြင့်များနေချိန်များတွင် မိမိ၏ အသက်ကိုပင် ပဓာနမထားဘဲ ကာကွယ်တားဆီးရေးနှင့် ကုသစောင့်ရှောက်ရေး ကိစ္စရပ်များတွင်လည်း တက်ကြွစွာ ဦးဆာင်ဖြည့်ဆည်းပေးခဲ့ကြောင်း၊ လူသားတစ်ရပ်လုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် လူမျိုးဘာသာပေါင်းစုံနှင့် ပူးပေါင်းကာ လူမှုသဟဇာတ ဖြစ်ပေးလာစေရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်နေသူဖြစ်ကြောင်း ကြေညာချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

လူသားအကျိုးပြုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်နေသော အများပြည်သူ ယုံကြည်အားကိုးရသည့် ခေါင်းဆောင်တစ်ဦးကို ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထားသည်မှာနိုင်ငံတော် တေည်ဆောက်ရေးနှင့် သဟဇတ ဖြစ်ရေးလုပ်ငန်းစဉ်များအတွက်များစွာ နှောင့်နှေးပြီး ဆုံးရှုံးမှုများဖြစ်စေသည်ဟုဆိုသည်။

ထို့ပြင် အများပြည်သူများမှလည်း ဆရာတော်၏ ကျန်းမာရေးအတွက်လွန်စွာ စိုးရိမ်ပူပန်နေကြရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် လူသားအကျိုးပြုလုပ်ငန်းများကို ဦးဆောင်ဦးရွက်ပြုနေသော သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထား ရှေးရှုပြီး အမြန်ဆုံးလွှတ်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။