Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး

ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက သဘောထားထုတ်ပြန်ထားသကဲ့သို့ ပြည်တွင်း၊ပြည်ပကလည်း ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးတောင်းဆိုမှုများရှိသည်။

စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး
စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၉ရက်ကြာပြီဖြစ်ပြီး ယနေ့အချိန်ထိ အဆက် အသွယ်မရသေးဟု ကချင်အသိုင်းအဝိုင်းက ပြောသည်။

လက်ရှိ KBC အကြံပေးဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၅ရက်တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်အတွင်း စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးပြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ဆိုသည်ကို ယနေ့အထိမသိရသေးဟု KBC ဓမ္မဆရာတစ်ပါးက ပြောသည်။

“အေးလေ အခုအချိန်တော့ ကျနော်တို့ အားလုံး စိတ်ပူနေကြတာ။ ဘယ်မှာဆိုတာလည်းမသိရဘူး”ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန် လွတ်မြောက်ရေးအတွက် မျှော်လင့်နေကြောင်း ပြောသည်။

“ကျွန်တော်တို့က လွှတ်ပေးတာကို မျှော်လင့်တာပေါ့။ ဒါပေမဲ့လည်း သူတို့ကတော့ ဆက်ပြီး ထိန်းသိမ်းကောင်းလည်း ထိန်းသိမ်းထားနိုင်တယ်”ဟု ကချင်ဒေသခံက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် နောက်ထပ် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားမှုရှိသည့် ကချင်များကိုဖိနှိပ်ရန် စစ်ကောင်စီက ကြိုးပမ်းခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် KBCက သဘောထားထုတ်ပြန်ထားသကဲ့သို့ ပြည်တွင်း၊ပြည်ပကလည်း ဒေါက်တာခလမ်ဆမ်ဆွန်လွတ်မြောက်ရေးတောင်းဆိုမှုများရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။