Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်ကိုလေးကြိမ်တိုက်ခိုက်ရာအထိနာပြီးကစင့်ကလျားဆုတ်သွား​ကြောင်း​တောင်ငူခရိုင်PDFတပ်ရင်း(၃၅၀၁)ထုတ်ပြန်

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် ရိုးမတောင်ခြေသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို တစ်ရက်ထဲ လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)က ယနေ့(ဇူလိုင် ၃၁)အသိပေးထုတ်ပြန်သည်။

ဇူလိုင် ၂၆ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာသော အင်အား ၈၀ ခန့်ပါစစ်ကောင်စီတပ်စစ်ကြောင်းကိုတပ်ရင်း(၃၅၀၁)တပ်ဖွဲ့ဝင်များမှ ဇူလိုင် ၂၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်မှ ညနေ ၆ နာရီခွဲအထိ လေးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ကျည်ကွယ်၊ မျက်ကွယ်များ၌ အသင့်စောင်းဆိုင်းပြီးချုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဘက်မှလေးဦးသေဆုံးကာအရာရှိအပါအဝင်၁၀ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

“မိမိတို့တပ်ဖွဲ့ဝင်များသည် ကျည်ကွယ်မျက်ကွယ်နေရာများတွင် အသင့်ခြုံခိုစောင့်ဆိုင်းကာ တပြိုင်နက်တည်း ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသူ (၄) ဦးအပြင် ဒဏ်ရာရသူ (၁၀) ဦးခန့် (အရာရှိတစ်ဦးပါ)ဖြင့် အရေးနိမ့်ကာ ရန်သူ့စစ်ကြောင်းမှာ ကစင့်ကလျား ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်”ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

အဆိုပါတိုက်ခိုက်မှုအတွင်း ထူးခြားချက်နှစ်ခုတွေ့ရပြီး ယင်းတို့မှ စစ်ကောင်စီတပ်ဘက်မှ အမျိုးသမီးအသံများကြားရခြင်း၊ တိုက်ပွဲဖြစ်နေစဥ်ဘလူးတူးဘောက်စ်ဖြင့်တရားများဖွင့်လှစ်ထားခြင်းတို့ဖြစ်ကြောင်း ဖော်ပြသည်။

“၎င်းအချက်ကိုကြည့်ခြင်းဖြင့် ရန်သူမှာ ရုပ်ရော စိတ်ပါ ပျက်ယွင်းနေသည့် အနေအထားဖြစ်ပါသည်”ဟု တောင် ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ သုံးသပ်ထားသည်။

(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)
(စစ်​ကောင်စီတပ် ကျန်ခဲ့​သောပစ္စည်းများ။ ဓါတ်ပုံ-PDF/ B3501)

ထို့အပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင် ၂၉ တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ရန်သူ၏ ဦးထုပ်၊ စစ်တဘက်၊ ဆိုလာပြား၊ ဘလူးတုဘောက်စ်၊ သံကြိုး၊ ဒန်အိုး၊ စစ်စွတ်ကျယ်၊ သွေးစွန်းနေသော ပတ်တီးစများ၊ တောအရက်ပုံးတစ်ပုံး အပြင် ၄၀ မမ ဗုံးသီး ၂ လုံး လက်နက်ကြီး/ငယ် ဖြုတ်၊တပ် ရာတွင် အသုံးပြုသည်ဟု ယူဆရသော ဂွင်း/ဂွ များကို တွေ့ရှိရသည်ဟု ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။