Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်
စစ်ကောင်စီက တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်

စစ်ကောင်စီကို မထောက်ခံသော တမူးမြို့ခံကိုးဦးအား မတရားဖမ်းဆီးပြီး ထောင်ဒဏ်များချမှတ်လိုက်​​​ခြင်းမှာ သူရဲဘောကြောင်သည့်လုပ်ရပ် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများက ဝေဖန်လိုက်သည်။

တမူးမြို့မှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးနှစ် ဦး၊အမျိုးသား ခုနစ်ဦးက်ို စစ်ကောင်စီက ဒီဇင်ဘာလဆန်းတွင် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးပြီး ၁၉ရက်အကြာတွင် ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်သည်ဟု တမူးမြို့တော်လှန်ရေးအင်အားစုများကပြောသည်။

“ဒီခရစ်စမတ်ကာလမှာ အမိန့်ချတာ။ ဖမ်းတာနဲ့ ထောင်ဒဏ်ချတာ ၁၉ရက်ပဲ ကြာတယ်။ စစ်ကောင်စီက တော်တော်အကြောက်တရားကြီးနေတာ”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

အထက်ပါ မြို့ခံကိုးဦးသည် ပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံရပြီး ထောင်ဒဏ် (၂)နှစ်စီချမှတ်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ပြည်သူ့ထောက်ခံမှုလည်း မရ။ ပျူစောထီးတွေကို လူသတ်၊ဓားပြတိုက်ခိုင်းပြီး မြို့ကို အုပ်ချုပ်ဖို့ကြိုးစားနေတာ။PDF တွေနဲ့လည်း ထိပ်တိုက်ရင် ဆိုင်မတိုက်ရဲဘဲ ပြည်သူကိုပဲမဲနေတာ။ တော်တော်ကို သူရဲဘောကြောင်တဲ့ စစ်တပ်”ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တမူးမြို့တွင် လတ်တလော၌ တိုက်ပွဲများ ငြိမ်သက် နေသည်။ ဒီဇင်ဘာ၂၇ရက်က တမူးမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။