Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ - မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်
မုံရွာ - မန္တလေးလမ်းတွင် ကင်းပုန်းဝပ်ရန်လာသောစစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့(ဒီဇင်ဘာ၂၉ ရက်) ညနေ ၃နာရီအချိန်မှ ၃နာရီခွဲခန့်အထိ မုံရွာ – မန္တလေး လမ်းမကြီးပေါ်ရှိရေပိုးစားရွာနှင့် နတ်ရေကန်ကျေးရွာကြား ကင်းပုန်းဝပ်ထွက်လာသော စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် သုံးကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ ဒရုန်းချတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု အထက်ပါ တာဝန်ခံက ဆိုသည်။

“သူတို့လာတာက ၁၀ယောက်ကျော်လောက်ရှိမယ်။ သေဆုံးဒဏ်ရာရ အရေအတွက်ကို ဆက်စုံစမ်းနေပါတယ်။”ဟု Black Eagle Defence Force -MMU သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒရုန်းစစ်ဆင်ရေးကို Black Eagle Defence Force – MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့်အတူ မြင်းမူမြို့နယ် (ပကဖ)၊ လျှပ်တပြတ်စွန်ညို ​ပြောက်ကျားစစ်သည်တော်များအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။

ဒီဇင်ဘာ၂၆ ရက် ည ၉ နာရီ ၄၅မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်များကို ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ ညီနောင်မဟာမိတ်အဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PKDF-MMU အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။