Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့ နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို ပျူစောထီးအဖွဲ့ သတ်ဖြတ်

နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တမူးမြို့ နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို ပျူစောထီးအဖွဲ့ သတ်ဖြတ်
တမူးမြို့ နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို ပျူစောထီးအဖွဲ့ သတ်ဖြတ်

စစ်ကိုင်းတိုင်း တမူးမြို့ နန့်ဖာလုံစျေးတွင် ဒေသခံပြည်သူနှစ်ဦးအား ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရက်ရက်စက်စက်သတ်သွားတာဗျ။ ဆိုင်ထဲမှာ ကလေးတွေလည်း ရှိနေတာ။ ကလေးတွေရှေ့တင် ပစ်သတ်သွားတာ”ဟု ယင်းဒေသခံက ဆိုသည်။

ကိုချစ်စမ်းမောင်နှင့်ဇနီးကို ပစ်သတ်သွားသူများမှာ တမူးမြို့၊ မြို့မ (၁၂)ရပ်ကွက်မှ ပျူစောထီးခေါင်းဆောင်ပန်းချီချမ်းမြေ့ဦးဆောင်ပျူစာထီးအဖွဲ့ဟု တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ပန်းချီချမ်းမြေ့ဦးဆောင်ပြီးလာသတ်တာ။ ကျွန်တော်တို့ သတင်းအတိအကျရထားတယ်”ဟု ၎င်းက ဆိုသည်။

မြို့မ(၁၂)ရပ်ကွက်မှ ပျူစောထီးဇော်ဝင်းမြင့် အသတ်ခံရပြီးနောက် ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်ဆန့်ကျင်နေသော ပြည်သူများအား ပစ်မှတ်ထားလာသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဇော်ဝင်းမြင့်သည် ဒီဇင်ဘာလ ၂၇ရက် ညနေတွင် ဆီဆိုင်တစ်ဆိုင်၌ ဆီထည့်နေစဥ် ဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်​ဖြင့်ပစ်သတ်သွားခြင်း ဖြစ်သည်။

ဇော်ဝင်းမြင့်သည် ပျူစောထီးခေါင်းဆောင် ပန်းချီချမ်းမြေ့၏ တပည့်ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။ ပန်းချီချမ်းမြေ့ဦးဆောင်သော ပျူစောထီးအဖွဲ့သည် စစ်အာဏာရှင်တော်လှန်နေသော လူငယ်များကို ဖမ်းဆီးခြင်း၊ ဒီချုပ်ပါတီဝင်အချို့ကို သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။