Connect with us

Hi, what are you looking for?

သတင်း

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး

CDF-Mindatသည် စစ်ကောင်စီအား လက်နက် ကိုင်တော်လှန်ခဲ့သည့် အစောဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး
လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံးအတွက် တိုက်ပွဲဝင်သွားမည်ဟု CDFမင်းတပ် အသိပေး

လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်မဟုတ်ဘဲ တိုင်းရင်းသားပြည်သူများအားလုံး စစ်အာဏာရှင်စနစ် အောက် မှလွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း CDF-Mindat (သတင်းနှင့် ပြန်ကြားရေးဌာန)က ထုတ်​ပြန်သည်။

ဇန်နဝါရီ ၁ရက်တွင် ပြည်သူသို့ မေတ္တာရပ်ခံတိုက်တွန်းချက်နှင့်အတူ ယင်းကဲ့သို့အသိပေးခြင်းဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် လက်နက်အားကိုးပြီး ပြည်သူ့အစိုးရအဖွဲ့ဝင်များကို မတရားဖမ်းဆီးထောင်ချကာ နိုင်ငံတော်ပုန်ကန်မှု့ကြီးကို ကျူးလွန်ခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လူမျိုးတစ်မျိုး၊ ပြည်နယ်ဒေသတစ်ခုတည်း လွတ်မြောက်ရေးအတွက်မဟုတ်ပဲ မြန်မာနိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် နိုင်ငံရေးဦးတည်ချက် ခိုင်ခိုင်မာမာချမှတ်ပြီး အဆုံးထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ထုတ်​ပြန်အသိပေးသည်။

Public Service Announcement

Public Service Announcement

CDF-Mindat နှင့် မင်းတပ်မြို့နယ်ပြည်သူများသည် တော်လှန်ရေးကာလ အခက်ခဲဆုံး၊အကြမ်းတမ်းဆုံးကာလ (၂) နှစ်တာ ကာလကို ကြံ့ကြံ့ခံ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး ယခု ၂၀၂၃ သည် ဖက်ဆစ် စစ်အာဏာရှင်တို့ကျဆုံးမည့် နှစ်အဖြင့် ရည်မှန်းလျက် တော်လှန်ရေးအရှိန်မြှင့်တင်သွားမည်ဟုလည်း လူထုအား အသိပေးထားသည်။

ထို့အပြင် ပြည်သူကိုကာကွယ်သော တော်လှန်ရေးအဖွဲ့အဖြစ် ထမ်းရွက်သွားကြမည်ဖြစ်ကြောင်းလည်း CDF -Mindatက လူထုကို သစ္စာတိုင်တည်ထားသည်။

“CDF -Mindatသည် ခိုင်မာသော တော်လှန်ရေး ယုံကြည်ချက်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေပြီး စွမ်းရည်ပြည့်ဝသော လက်နက်ကိုင်အဖွဲ့အစည်း တစ်ခု ဖြစ်စေရန် အစဥ်တစိုက် ကြိုးပမ်းကာ ပြည်သူကို ကာကွယ်သောတော်လှန်ရေးအဖွဲ့အဖြစ် ထမ်းရွက်သွားကြမည်ဖြစ်ကြောင်း သစ္စာကတိ ပြုအပ်ပါသည်”ဟု ဖော်ပြထားသည်။

စစ်အာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် CDF-Mindatအား ဆက်လက်ထောက်ခံ ပံ့ပိုးပေးကြရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

CDF-Mindatသည် စစ်ကောင်စီအား လက်နက် ကိုင်တော်လှန်ခဲ့သည့် အစောဆုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနက် တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။