Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယမ်းချက်စဥ် မတော်တဆပေါက်ကွဲမှုကြောင့် CDF မင်းတပ်ရဲဘော်နှင့် CDM ရဲတစ်ဦးကျဆုံး

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)
(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)

ယမ်းများဆုံးရှုံးမှုအတွက် လူထုအား CDF မင်းတပ် တောင်းပန်

CDF မင်းတပ်၏ ထောက်ပို့ ရဲဘော်တစ်ဦးနှင့် CDM ရဲတစ်ဦးသည် ယမ်းချက်လုပ်ရင်း မတော် တဆဖြစ်ရပ်ကြောင့် ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့သည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)CDF-MINDAT မှ ပြည်ပထောက်ပို့မှူး ဆလိုင်းကျော်ဦးနှင့် CDM ရဲတပ်သားမျိုးသက်ထွန်းသည် ယမ်းချက်လုပ်ရင်း ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၇ရက် ညနေတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆလိုင်းကျော်ဦးသည် သြဂုတ် ၁၇ရက်က ကျဆုံးခဲ့ပြီး CDM ရဲတပ်သားမျိုးသက်ထွန်းသည် သြဂုတ် ၂၂ရက်တွင် ကျဆုံးခဲ့သည်ဟု CDF-မင်းတပ် လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေးဌာန၊ ဌာနမှူး ဆလိုင်းမာန်အွမ်က ပြောသည်။

” ဆလိုင်းကျော်ဦးက ကျွန်တော့်ဖခင်ပါ။ CDM ရဲကလည်း ရန်ကုန်ကနေ ရောက်လာတာ။ သူတို့တာဝန်ကျေခဲ့တယ်”ဟု ဆလိုင်းမာန်အွမ်က ပြောသည်။

ဆလိုင်းကျော်ဦးကျဆုံးမှုနှင့်ပတ်သက်၍ ချင်းတိုင်းရင်းသူတစ်ဦးက” နိုင်ငံရေးအတွက်၊ တော်လှန်ရေးအတွက် ၊ CDFမင်းတပ်တွက်တာဝန်ကျေလွန်းတဲ့ ဦးလေးရေ၊ ငြိမ်းချမ်းစွာ ပျံသန်းပါ” ဟု ဝမ်းနည်းကြောင်းရေးသားထားသည်။

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးအတွက် လူထုက ထောက်ပံ့ထားတဲ့ ယမ်းတွေပျက်စီးရတဲ့အတွက် တောင်းပန်ပါတယ်။နောက်ပြီး ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထပ်ပြီးထောက်ပံပေးဖို့။ နောက်ကို ဒီလိုမဖြစ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်”ဟု ပြောသည်။