Connect with us

Hi, what are you looking for?

သတင်း

ယမ်းချက်စဥ် မတော်တဆပေါက်ကွဲမှုကြောင့် CDF မင်းတပ်ရဲဘော်နှင့် CDM ရဲတစ်ဦးကျဆုံး

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)
(ကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော် ဆလိုင်းကျော်ဦးအား တွေ့ရစဥ်)

ယမ်းများဆုံးရှုံးမှုအတွက် လူထုအား CDF မင်းတပ် တောင်းပန်

CDF မင်းတပ်၏ ထောက်ပို့ ရဲဘော်တစ်ဦးနှင့် CDM ရဲတစ်ဦးသည် ယမ်းချက်လုပ်ရင်း မတော် တဆဖြစ်ရပ်ကြောင့် ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့သည်။

ချင်းပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)CDF-MINDAT မှ ပြည်ပထောက်ပို့မှူး ဆလိုင်းကျော်ဦးနှင့် CDM ရဲတပ်သားမျိုးသက်ထွန်းသည် ယမ်းချက်လုပ်ရင်း ပေါက်ကွဲမှုဖြစ်ကာ ကျဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၁၇ရက် ညနေတွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဆလိုင်းကျော်ဦးသည် သြဂုတ် ၁၇ရက်က ကျဆုံးခဲ့ပြီး CDM ရဲတပ်သားမျိုးသက်ထွန်းသည် သြဂုတ် ၂၂ရက်တွင် ကျဆုံးခဲ့သည်ဟု CDF-မင်းတပ် လေ့ကျင့်ရေးနှင့် လက်နက်တပ်ဆင်ရေးဌာန၊ ဌာနမှူး ဆလိုင်းမာန်အွမ်က ပြောသည်။

” ဆလိုင်းကျော်ဦးက ကျွန်တော့်ဖခင်ပါ။ CDM ရဲကလည်း ရန်ကုန်ကနေ ရောက်လာတာ။ သူတို့တာဝန်ကျေခဲ့တယ်”ဟု ဆလိုင်းမာန်အွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆလိုင်းကျော်ဦးကျဆုံးမှုနှင့်ပတ်သက်၍ ချင်းတိုင်းရင်းသူတစ်ဦးက” နိုင်ငံရေးအတွက်၊ တော်လှန်ရေးအတွက် ၊ CDFမင်းတပ်တွက်တာဝန်ကျေလွန်းတဲ့ ဦးလေးရေ၊ ငြိမ်းချမ်းစွာ ပျံသန်းပါ” ဟု ဝမ်းနည်းကြောင်းရေးသားထားသည်။

ယမ်းပေါက်ကွဲမှုကြောင့် ကျပ်သိန်း ၃၀၀ခန့်တန်​ကြေးရှိသော ယမ်းများလည်း ဆုံးရှုံးခဲ့ရသည်။ယင်းအတွက် လူထုအားတောင်းပန်ကြောင်း ဆလိုင်းမာန်အွမ်က ဆိုသည်။

“တော်လှန်ရေးအတွက် လူထုက ထောက်ပံ့ထားတဲ့ ယမ်းတွေပျက်စီးရတဲ့အတွက် တောင်းပန်ပါတယ်။နောက်ပြီး ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထပ်ပြီးထောက်ပံပေးဖို့။ နောက်ကို ဒီလိုမဖြစ်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

Facebook