Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တောကျွဲအင်းနယ်မြေ ပျူခေါင်းဆောင်ကို ရှင်းလင်း

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

(တောကျွဲအင်းနယ်မြေရဲစခန်းအား တွေ့ရစဥ်)
(တောကျွဲအင်းနယ်မြေရဲစခန်းအား တွေ့ရစဥ်)

▪️ဖြစ်စဥ်လာစုံစမ်းသည့် ရဲများကိုပါ မိုင်းဆွဲရာ သုံးဦးထိခိုက်ဟုဆို

ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်)နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်းစစ်​သေခွဲက ယနေ့(ဇန်နဝါရီ ၇) ထုတ်ပြန်သည်။

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် ၎င်းဖြစ်စဉ်အား လာရောက်စုံစမ်းသည့် စစ်ကောင်စီ၏ တောကျွဲအင်းနယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ဗိုလ်‌ကျောက်ခဲမြို့ပြပျောက်ကြားအဖွဲ့က ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရန်နိုင်မှာ လက်တစ်ဖက်ပြတ်ကျဒဏ်ရာ(စိုးရိမ်ရ)၊ ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းများပြတ်တောက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့သောရဲနှစ်ဦးအား အတွင်းလူနာအဖြစ်ကုသပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖြစ်စဥ်မှန်ပါတယ်။ ကျွန်တော်တို့ အတည်ပြုပါတယ်”ဟု ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း ဗိုလ်ကျောက်ခဲဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေအား ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။