Connect with us

Hi, what are you looking for?

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် တောကျွဲအင်းနယ်မြေ ပျူခေါင်းဆောင်ကို ရှင်းလင်း

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

(တောကျွဲအင်းနယ်မြေရဲစခန်းအား တွေ့ရစဥ်)
(တောကျွဲအင်းနယ်မြေရဲစခန်းအား တွေ့ရစဥ်)

▪️ဖြစ်စဥ်လာစုံစမ်းသည့် ရဲများကိုပါ မိုင်းဆွဲရာ သုံးဦးထိခိုက်ဟုဆို

ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်း (အောင်မြင်)နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရှင်းလင်းလိုက်ကြောင်း ပဲခူးတိုင်းစစ်​သေခွဲက ယနေ့(ဇန်နဝါရီ ၇) ထုတ်ပြန်သည်။

ယနေ့နံနက် ၇နာရီခွဲခန့်က တောကျွဲအင်း (အောင်မြင်) နယ်မြေမှ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ မင်းအောင်အား ကျောက်တံခါးမြို့နယ်(ပကဖ)၊ ဗိုလ်ကျောက်ခဲ မြို့ပြပျောက်ကြားအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

ထို့နောက် ၎င်းဖြစ်စဉ်အား လာရောက်စုံစမ်းသည့် စစ်ကောင်စီ၏ တောကျွဲအင်းနယ်‌မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအား ဗိုလ်‌ကျောက်ခဲမြို့ပြပျောက်ကြားအဖွဲ့က ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ရန်နိုင်မှာ လက်တစ်ဖက်ပြတ်ကျဒဏ်ရာ(စိုးရိမ်ရ)၊ ရဲတပ်သားနေဇော်မှာ ဦးခေါင်းထိမှန်ဒဏ်ရာ (စိုးရိမ်ရ) နှင့် ရဲတပ်သားမောင်မြင့်မှာ လက်ချောင်းများပြတ်တောက်ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့သောရဲနှစ်ဦးအား အတွင်းလူနာအဖြစ်ကုသပေးနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖြစ်စဥ်မှန်ပါတယ်။ ကျွန်တော်တို့ အတည်ပြုပါတယ်”ဟု ပဲခူးခရိုင် PDF တပ်ရင်း (၃၇၀၂)မှ တော်လှန်ရေးရဲ ဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း ဗိုလ်ကျောက်ခဲဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲအခြေအနေအား ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။